အခန်း ၅၂ Unicode

2.9K 524 2
                                    

အပိုင်း (၅၂) မကောင်းဆိုးဝါး အတွေးစများ

လက်သီးနှင့်ထိုးပြီးနောက် ကျန်းလော့သည် တောင့်တင်းသွားသည်။

သူသည် ကျောက်တုံးကို ပိတ်ထိုးလိုက်မိသလိုပင် ကျောက်တုံးကမနာဘဲ သူကသာ နေလို့သေတော့မည်။

ကျန်းလော့သည် မျက်ခုံးတွန့်သွားပြီး နာကျင်မှုကို သက်သာအောင် လက်ကို ခါနေသည်။ သူ့မျက်နှာကတော့ တည်တင်းထားသည်မှာ တစ်စက်ကလေးမျှ မလျော့ပေ။ ထို့နောက် စိတ်တိုစွာဖြင့် မကောင်းဆိုးဝါးဗိုက်ကို အသေကန်ပစ်လိုက်သည်၊ ချီယုံနောက်ကျောသည် ထူထဲလေးလံသော ခေါင်းတလားအဖုံးနှင့် အရှိန်ပြင်းပြင်းသွားတိုက်သည်။ အပြင်ဘက်မှ သီချင်းသံသည် ရပ်တန့်သွားပြီး ခေါင်းတလားသည်လည်း မခါယမ်းတော့ပေ။

မကောင်းဆိုးဝါးသည် အသေအော်ရယ်နေပြီး ရယ်သံတအားကျယ်လာသည်။ ကျန်းလော့သည် ချီယုံ့ကို ဆွဲချလိုက်ကာ ယင်းဟူကို ဆင့်ခေါ်ပြီး ခေါင်းတလားအဖုံး ဖွင့်ခိုင်းလိုက်သည်။ ထို့နောက် သူသည် စတိုင်မလှိုင်ဖြင့် ခေါင်းတလားထဲမှ ထွက်လာသည်။ ရေသရဲများနှင့် အနီရောင် မင်္ဂလာဆောင်သရဲများသည် အပြင်တွင် တစ်ကောင်မှ မရှိတော့ပေ။ သူသည်နောက်ပြန်လှည့်လိုက်ပြီး ခေါင်းတလားအဖုံးကို ပြန်ဖုံးဖို့ လုပ်သည်။

"မစ်စတာ မကောင်းဆိုးဝါး"

သူသည် ခေါင်းတလားထဲမှ မကောင်းဆိုးဝါးကိုကြည့်၍ ပညာရှင်ဆန်ဆန်ပြုံးလိုက်ကာ

"ဒီထဲမှာပဲ တစ်ယောက်ထဲ နှလုံးရှာနေလိုက်တော့ ဘိုင့်ဘိုင်"

ခေါင်းတလားပိတ်လုဆဲဆဲတွင် မကောင်းဆိုးဝါးသည် ပုံစံပြောင်းလိုက်ကာ ခေါင်းတလားထဲသို့ ကျက်သရေရှိစွာ ပြန်လှဲအိပ်လိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘက်ပေါ်တင်ထားသည်။ ခေါင်းတလားလုံးလုံးလျားလျားပိတ်သွားပြီးနောက် မကောင်းဆိုးဝါးကို မမြင်ရတော့ပေ။ ကျန်းလော့သည် ဖူလုဒါဇင်လိုက်ကြီး ထုတ်လိုက်ကာ ခေါင်းတလားတစ်ခုလုံး လိုက်ကပ်လိုက်သည်။ ပတ်ဝန်းကျင်ကို လျှောက်ကြည့်လိုက်ရာ နီဖြူသရဲများမရှိတော့ပဲ မြူများပိုထူလာကာ ငါးမီတာအကွာအဝေးသို့ပင် မမြင်ရတော့ပေ။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now