အခန်း ၃၉.၂

2.7K 550 12
                                    

အခန်း ၃၉.၂

ဤနယ်ပယ်၏အလုပ်က ခန္ဓာကိုယ်၏အင်အားကိုသုံးရ၍ ဖြစ်ကောင်းဖြစ်နိုင်သည် သူတို့ထဲက ဘယ်သူမဆို ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် မဟားတရားစားနိုင်ကြသည်။ အပေါ်ယံမှာ သိမ်မွေ့ပုံပေါက်ကြသော်လည်း ထမင်းသုံးပန်းကို တစ်ထိုင်တည်းနှင့် ဗိုက်မပြည့်ဘဲစားနိုင်ကြသည်။

ခေါက်ဆွဲကိုထည့်ပြီးနောက်မှာ ဝမ်ယမ်လန်က ဝန်ထမ်းဆီကနေ တောင်းလာခဲ့သော ခရမ်းချဉ်သီးနှစ်စိတ်ကို အိုးထဲထည့်လိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်အချို့ကို အတော်အသင့်ထည့်ကာ တချို့ကို ယုန်ကင်အတွက် ချန်ထားလိုက်သည်။

ဟင်းသီးဟင်းရွက်‌ကို နောက်ဆုံးကျမှထည့်လိုက်သည်။ အနီရောင်ဟင်းရည်က ခေါက်ဆွဲနှင့် အစိမ်းရောင်ဟင်းသီးဟင်းရွက်နှင့် ဝက်အူချောင်းကြားမှာ တပွက်ပွက်ဆူနေခဲ့ပြီး ခရမ်းချဉ်သီးနှင့် ခေါက်ဆွဲ၏ရနံ့တို့က ပေါင်းစပ်ကာ လူတို့၏စားချင်သောက်ချင်စိတ်ကို နှိုးဆွပေးလာခဲ့ပြီး တံတွေးမျိုချသံကို တစ်ယောက်ပြီးတစ်ယောက်ဆီကနေ ကြားလာရသည်။

တစ်နေ့လုံးပင်ပန်းထားကြသော လူအုပ်ကြီး၏မျက်လုံးတို့က သံဒယ်အိုးကို စိုက်ကြည့်နေသည်မှာ မျက်လုံးအရောင်တောင် အနီရောင်ပြောင်းလုမတတ်ပင်။

လုယုံရိက သူ့သွားရည်ကိုသုတ်လိုက်ပြီး အပြေးလေးသွားကာ ဝန်ထမ်းဆီကနေ ပန်းကန်လုံးနှင့်တူများ သွားငှားလိုက်သည်။

ချီယယ်က ဘယ်နှကြိမ်မြောက်မှန်းမသိအောင် အံ့ဩတကြီးပြောလာခဲ့သည်။ "မင်းက ဟင်းချက်တတ်လိမ့်မယ်လို့ မထင်ထားဘူး"

" အသင့်စားခေါက်ဆွဲလေးကို ပြုတ်ရုံတင်မလား။ ရေကြီးခွင်ကျယ်မှ မဟုတ်ဘဲ" ကျန်းလော့က ယုန်ကို မီးဖိုပေါ်တင်ပြီးတော့ ကင်လိုက်ရင်း နှုတ်ခမ်းကိုကော့တက်ပြီး မေးလိုက်သည်။ "ဘာလို့လဲ ... ငါ့ဆီကနေ နံပါတ်တစ်နေရာကိုလုဖို့အတွက် .... ငါကအရမ်းကို တော်လွန်းနေတယ်လို့ တွေးမိသွားလို့လား"

ချီယုံက တိုးတိုးလေးပြန်ပြောလာခဲ့သည်။ "အဲတာကတော့ လုရဦးမှာပေါ့"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now