အခန်း ၅၃ Unicode

2.6K 540 11
                                    

အပိုင်း (၅၃) သူများကို ယုတ်မာဒုက္ခပေးရန် ဆွဲဆောင်ခံရ

ရက်ရှာ့ဆာသရဲသည် ရင်းဟူမှသူ့ကို မြေပြင်တွင် ထိုးနှက်ခဲ့တည်းက ခံစားချက်မကောင်းတော့ပေ။ ထိုခံစားချက်သည် ဆံပင်အနက်နှင့် လူငယ်မှသူ့ကိုပြုံး၍ ငုံ့ကြည့်လိုက်ချိန်တွင် အထွတ်အထိပ်သို့ရောက်သွားသည်။ ရက်ရှာ့ဆာသရဲသည် သတ်ကွင်းထဲသို့ ကြည့်လိုက်သောအခါ သံကြိုးဖြင့် ချည်ထားသော လှောင်အိမ်များထဲမှ မကောင်းဆိုးဝါးတစ္ဆေများသည် ကွင်းပတ်ပတ်လည်တွင် ရပ်နေသော သရဲများနှင့် မကောင်းဆိုးဝါးဝိဉာဉ်များကို အစိမ်းရောင်မီးတောက်မျက်လုံးများနှင့် သွားရည်တောက်တောက်ကျနေအောင် အပြန်ပြန်အလှန်လှန် ကြည့်နေကြသည်။

ရက်ရှာ့ဆာသရဲသည် ဖြူဖျော့ကြောက်ရွံ့လာပြီး သူသတ်ခဲ့သော သူများကိုသေချာကြည့်၍ ကွင်းထဲမှ ပျံပြေးတော့သည်။ သို့သော် သူ့ကိုမြင်တိုင်း ကြောက်ရွံ့ရှောင်ရှားသွားတတ်သော သရဲများနှင့် မိစ္ဆာများသည် သူ့ကိုဝိုင်းထားကြသည်။ ရက်ရှာ့ဆာသရဲသည် ဒေါသထွက်လွန်းသဖြင့် ဆံပင်နီနီများသည် လေထဲလွှင့်နေကာ အစွယ်ကြီးများပေါ်သည်အထိ အော်လိုက်သည်။

"ငါ့ကိုတားရဲတယ် မင်းတို့ကလေ"

သူပိုကြောက်လာလေလေ သူ့မျက်နှာသည် စပရင်ကဲ့သို့ တွန့်လိမ်လာလေဖြစ်ပြီး ရက်ရှာ့ဆာသရဲသည် ယခုအလွန်ကြောက်ရွံ့နေပါသည်။ သို့သော် ထိုသရဲနှင့် မိစ္ဆာများသည် သူထွက်သွားသည်ကို မရပ်တန့်နိုင်ပေ။ ဘယ်လိုပင် ရက်ရှာ့ဆာသရဲသည် အင်အားကောင်းသည်ဆိုသော်လည်း များလွန်းသော သရဲတစ္ဆေများကို မယှဉ်နိုင်။ ထိုသရဲများသည် သူ့ကို မပြီးသတ်ကွင်းထဲသို့ ပစ်ထည့်လိုက်သည်။ သုံးမီတာရှည်သော ရက်ရှာ့ဆာသည် သတ်ကွင်းအတွင်းသို့ ပြင်းထန်စွာကျသွားပြီး ကြီးမားလှသောကွင်းထဲတွင် သူသည် ကလေးပေါက်စကဲ့သို့ သေးငယ်နေသည်။ တက်ကြွသော အားပေးသံများ တစ္ဆေသတ်ကွင်းအပြင်မှ ထွက်ပေါ်လာသည်။

"လောင်းမယ်ကွာ ရက်ရှာ့ဆာ သေချာပေါက်သေလိမ့်မယ်"

"ငါကတော့ သူတစ်မိနစ်တောင် မခံနိုင်မဲ့ ဘက်က....ဟား..ဟားဟား..... ငါသူ့ဆီမှာ နှိပ်စက်ခံနေရတာ ဘယ်နှနှစ်ရှိနေပြီလဲ "

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now