အခန်း ၂၀.၂

2.7K 524 4
                                    

အခန်း ၂၀.၂

ထိုအခါမှပဲ သူမ ဘာလုပ်ရမလဲဆိုတာ ကျိုးကျုံးချိုး သဘောပေါက်သွားခဲ့ပြီး မေးလိုက်သည်။

"ကျန်းလော့ ... နင် တကယ်ပဲ နံရံကို ဖြိုချချင်တာလား"

ကျန်းလော့ ခေါင်းညိတ်ပြလိုက်သည်။

ကျိုးကျုံးချိုး လက်ကောက်ဝတ်တွေကို လှုပ်ရှားလိုက်ပြီး ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။

"အဲတာဆိုလည်း နံရံကို ဖြိုကြတာပေါ့"

ပိုင်ယယ်ဖုန်း အကြံပေးလာခဲ့သည်။

"ကျောင်းသားတွေက ငါတို့ထွက်သွား တာနဲ့ ပြန်လာကြမှာ ... မင်းက နံရံကို ဖြိုချပစ်လိုက်ရင် သူတို့ ဘယ်လို လုပ်မလဲ"

ကြင်နာတတ်ပြီး သူတစ်ပါးအတွက် တွေးပေးတတ်သော ကြာပန်းဖြူလေး ပီသပါပေတယ် ... ပိုင်ယယ်ဖုန်းကို ကျန်းလော့ အပြုံးလှလှလေး ပြုံးပြလိုက် ပြီး "သူတို့ပြန်မလာခင် ငါတို့ နံရံကို ပြင်ပြင်ပေးခဲ့မှာပေါ့"

ပိုင်ယယ်ဖုန်း သက်ပြင်းချလိုက်ပြီး 'ဆက်လုပ်ကြ' ဆိုတဲ့ လက်ဟန်အမူအရာ လုပ်ပြလိုက်သည်။

ကျန်းလော့နှင့် ကျိုးကျုံးချိုးတို့ အဆောင်အိပ်စင်တွေကို အဝေး ဖယ်လိုက်ပြီး အဖြူရောင်နံရံကို စတင် ဖြိုချကြတော့သည်။ အဆောင်ခန်းနံရံ တွေ၏ အရည်အသွေးက သိပ်မကောင်း ပေ ... သိပ်မကြာခင်မှာပဲ အ‌ခေါင်း ပေါက်သေးသေးလေး ဖြစ်လာခဲ့သည်။

နောက်ဆုံးမှာ အပေါက်က အမှိုက်ပုံး အရွယ်အစားလောက် ဖြစ်လာခဲ့သည် သို့သော် နံရံထဲမှာ ကျန်းလော့ မျှော်လင့်ထားသလို ဘယ်အလောင်းမှ ရှိ‌မနေခဲ့ဘဲ တရွေ့ရွေ့သွားနေကြသော ခြ အချို့သာရှိသည်။

သူ မျက်ခုံးတွေကို တွန့်ချိုးလိုက်ပြီး သရဲမကပဲ သူ့ကို လှည့်စားခဲ့တာလား ဒါမှမဟုတ် သူကပဲ အဓိပ္ပာယ် မှားကောက်မိတာလားဟု သူ တစိမ့်စိမ့် တွေးတောလိုက်သည်။

"ငါ နင်နဲ့ ကျောချင်း‌ကပ်ရပ်ရှိနေတယ်"

အဲဒီ့စကားရဲ့ ပုံမှန်အဓိပ္ပာယ်အတိုင်းသာ ဆိုရင် သူက နံရံထဲမှာ ရှိနေရမှာ မဟုတ် ဘူးလား။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now