အခန်း ၁၀၃

1K 150 0
                                    

အပိုင်း (၁၀၃) သင်္ဘောကို ဖောက်ခွဲခြင်း (၁)

"ချပ်............."

လုယုံရိသည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူနားကြားမှားသွားလား သိချင်စွာ မေးလိုက်သည်။

"သင်္ဘောကို ဖောက်ခွဲလိုက်မယ် ဟုတ်လား"

ကျန်းလော်သည် တည်ကြည်စွာခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် သင်္ဘောကို ဖောက်ခွဲကြမယ်"

ကောကျူသည် ရယ်ရွှင်ကို ကြည့်လိုက်ပြီး

"ဘယ်လို ဖောက်ခွဲကြမှာလဲ ငါတို့ဖောက်ခွဲလိုက်ရင်တောင် သွေးငါးရှဉ့်တွေက ရေထဲမှာ အသက်ရှင်နိုင်သေးတယ် ဒါပေမဲ့ မဖောက်ခွဲရင်ရော.."

"ငါလည်း ဒီလိုလုပ်ရင် အကုန်ပြေလည်သွားနိုင်တယ်လို့ မပြောဘူးကွာ"

ကျန်းလော်သည် သဘောထားကြီးသည့်ပုံဖြင့် ပြုံးပြလိုက်ပြီး ခုနစကားကို ဆက်ပြောလိုက်သည်။

"ငါပြောချင်တာကကွာ သင်္ဘောကို သွေးငါးရှဉ့်တွေနဲ့ အတူတူတစ်ခါထဲ ဖောက်ခွဲပစ်လိုက်ဖို့ပြောတာ"

တခြားခုနှစ်ယောက်၏ တုံ့ပြန်မှုကို မစောင့်ဘဲ ကျန်းလော်သည် စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"ဒီသင်္ဘောကြီးက တစ်စီးလုံး သွေးငါးရှဉ့်ဥတွေနဲ့ သားလောင်းတွေနဲ့ ပြည့်နေတာကွာ တကယ်လို့ သွေးငါးရှဉ့်အမတွေထဲက တစ်ကောင်ကောင်သာ လွတ်သွားရင် ဖြစ်လာမဲ့ အကျိုးဆက်က မတွေးရဲစရာပဲကွ ဒီသင်္ဘောက သွေးငါးရှဉ့် ထီးတွေ သွေးငါးရှဉ့်အမတွေရဲ့ သားဖောက်ဖို့လုပ်ထားတဲ့ အသိုက်လေ ဒီသင်္ဘောဝမ်းထဲမှာ ဘာတွေရှိနေလဲဆိုတာ မင်းတို့လည်း သိတာပဲ"

"မတရားခံရတဲ့လူတစ်ယောက်ချင်းစီတိုင်းရဲ့ ဗိုက်ထဲမှာ သားလောင်းတွေနဲ့ ဥတွေ မရေမတွက်နိုင်အောင်ရှိနေတာနော် မကြာခင် အဲ့ဒီသားလောင်းတွေ အခွံဖောက်ပြီး ထွက်လာတော့မှာ သာမန်လူတွေကို ညမနက်ခင် သက်ကယ်လှေပေါ်တင်ပြီး ထွက်ပြေးခိုင်းဖို့နဲ့ ငါတို့အတွက် သက်ကယ်လှေစီစဉ်ထားပြီး လွတ်မြောက်ဖို့ အလွယ်ဆုံးနည်းက တစ်ခုပဲ ရှိတော့တယ်လေ၊ ညရောက်လို့ သွေးငါးရှဉ့်အမတွေကိုသတ်ပြီး သင်္ဘောဝမ်းထဲက ထွက်ဖို့က သွေးငါးရှဉ့်အမတွေနဲ့ ငါးအထီးတွေကို ဆွဲဆောင်ပြီး သင်္ဘောဝမ်းထဲမှာ သော့ခတ်ထားလိုက်ရအောင်၊ ပြီးမှ သင်္ဘောဝမ်းကိုအရင်ဖောက်ခွဲပြီးရင် သင်္ဘောတစ်ခုလုံးကို ဖျက်ဆီးပစ်ကြမယ်"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now