အခန်း ၃၅

2.9K 611 19
                                    

အခန်း ၃၅

ထျန်းစစ်ဖူမှာ ကျန်းလော့ ထင်ထားတာထက်ပင် လူတွေအများကြီး ရှိနေခဲ့သည်။ ကလေးကနေစပြီး သက်ကြီးရွယ်အိုအထိ၊ စီးပွားရေးသမားကနေ အရာရှိအထိ၊ ထို့အပြင်ကို သူ တီဗီမှာ နေ့တိုင်းတွေ့နေရသော မျက်နှာရင်းနှီးနေသည့် နာမည်ကြီး သရုပ်ဆောင်များကိုလည်း ကျန်းလော့ တွေ့လိုက်ရသည်။

ထိုလူများက မျက်နှာထက်မှာ စိုးရိမ်ပူပန်မှုများနှင့်ဖြစ်စေ ရိုသေလေးစားသမှုများနှင့်ဖြစ်စေ အမျိုးမျိုးအထွေထွေ ရှိနေခဲ့ကြသည်။ လူပေါင်းများစွာ ဝင်လိုက်ထွက်လိုက် လုပ်နေကြပေမယ့် ခြံဝန်းထဲမှာ ဆူညံသံတစ်စက်မရှိဘဲ လူတိုင်းက သတိရှိစွာဖြင့် တိတ်တိတ်ဆိတ်ဆိတ် နေနေခဲ့ကြသည်။

သို့သော် ထိုအထဲက လူအများစုကတော့ ကောင်းကင်ဘုံ အရှင်သခင်ကို လူကိုယ်တိုင်တွေ့ခွင့် မရကြပေ။

ဖုန်းမိသားစု၏ ဩဇာတိက္ကမကြောင့် ကျန်းလော့ အံ့ဩသွားရပြီး ချန်ဖိက စောင့်ဆိုင်းနေကြသော လူအများကြီးကို ကျော်ဖြတ်၍ သူ့ကို ပထမခြံဝန်း၏ ဂိတ်ပေါက်ဆီ ခေါ်သွားခဲ့သည်။ ငယ်ရွယ်သော တပည့်တစ်ဦးက ထိုနေရာမှာ စောင့်ကြပ်နေခဲ့ပြီး သူတို့ကို တွေ့ချိန်မှာ ဦးညွတ်နှုတ်ဆက်လာခဲ့သည်။

"အန်ကယ်ချန် ... လူကြီးမင်းဖုန်းက အထဲမှာ စောင့်နေပါတယ်"

ဖုန်းလီလား။

ချန်ဖိကို ကျန်းလော့ တစ်ချက်ကြည့်လိုက်သည်၊ သူ၏ အပေါစားဆရာသခင်က သူ့ကိုဖုန်းလီဆီ ခေါ်လာပြီးတော့ ဘာလုပ်ဖို့ကြံနေတာလဲ။

သူတို့ ပထမခြံဝန်း၏ဂိတ်တံခါးကို ကျော်ဖြတ်ပြီးချိန်မှာ အထဲမှာရှိနေသော လူအရေအတွက်က ချက်ချင်းဆိုသလို နည်းပါးသွားခဲ့သည်။ သူတို့ ဝင်သွားပြီး သိပ်မကြာလိုက်ခင်မှာပဲ သူတို့ ကြာကန်၏ဘေးနားမှာ ကျောက်တုံးဖြင့် ထွင်းထုထားသော စားပွဲနှင့် ထိုင်ခုံများကို တွေ့လိုက်ရပြီး ထိုအပေါ်မှာ လူနှစ်ယောက်က ထိုင်နေခဲ့ကြသည်။

သူတို့ထဲကတစ်ယောက် မုတ်ဆိတ်ဖြူအရှည်ကြီးရှိပြီး ပုံစံက ကြင်နာတတ်ကာ ဖော်ရွေမည့်ပုံပင်။ ချန်ဖိက ထိုဆီကို ချက်ချင်းလျှောက်သွားပြီး တလေးတစားဖြင့် ပြောလာခဲ့သည်။ "ဆရာသခင်"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now