အခန်း ၄၁.၁

2.6K 545 0
                                    

အခန်း ၄၁.၁

ညချမ်းအချိန်အခါက တိတ်ဆိတ်နေခဲ့ကာ ကြယ်များက တလက်လက်တောက်ပနေခဲ့သည်။

ဤကဲ့သို့သော လှပသည့် ကြယ်ရောင်စုံသောကောင်းကင်ကို မြို့ပြ၏ကောင်းကင်ထက်မှာ အလွန်ပင် တွေ့ရခဲ၏။ လက ဖြူဖွေးနေခဲ့ပြီး တိုက်ခတ်လာသည့်လေက လတ်ဆတ်၏။ ဤဟာက တိတ်ဆိတ်ပြီးတော့ လှပပါ‌သော်လည်း ယခုချိန်တွင် မည်သူမဆို၌ ကြယ်ရောင်စုံသည့်ကောင်းကင်ယံကို ကြည့်ရှုပြီးတော့ သဘောကျခံစားဖို့ရာ အချိန်မရှိပေ။

ရိုးရာဓလေ့ပွဲပြီးပြီးချင်းမှာပဲ ကျန်းလော့က သူ့မျက်နှာဖုံးကို ဆွဲချွတ်ပစ်လိုက်သည်။ ထိုမျက်နှာဖုံးက သူ့ကို စိတ်မသက်မသာဖြစ်စေသည်၊ သူ့မျက်နှာက ပြုံးနေပါသော်လည်း အပြုံးက တောင့်တင်းနေခဲ့ကာ အသက်မပါပဲ ကြောက်ဖို့ကောင်းနေခဲ့သည်။ သူမျက်နှာဖုံးကို သူ့အိတ်ထောင်ထဲ ထည့်လိုက်ပြီး ပြိုင်ပွဲဝင်များကြားက တီးတိုးပြောဆိုနေကြသော စကားများကို တိတ်တိတ်လေး နားဆင်လိုက်သည်။

"မင်း ဒီနေ့တစ်ခုခုကိုရှာတွေ့သေးလား"

"မတွေ့ဘူး ... မင်းရော"

"ငါလည်းမတွေ့ဘူး။ ဒါပေမယ့် ဒီရွာထဲမှာ သက်ကြီးရွယ်အိုတွေ တော်တော်လေးရှားတာတော့ ငါသတိထားမိတယ်"

"ရွာသူကြီးတောင်မှပဲ အသက်ငါးဆယ်တွင်းထဲပဲ ရှိဦးမယ်နဲ့တူတယ် ... သိပ်အသက်မကြီးသေးဘူး"

အသက်ငါးဆယ်ခြောက်ဆယ်တွင်းထဲမှာတောင်မှပဲ လယ်ကွင်းထဲမှာ အလုပ်လုပ်နေကြသေးသော သက်ကြီးရွယ်အို အများကြီးရှိကြသည်။ ထို့ကြောင့် သူတို့ကသန်မာပြီးတော့ ကျန်းမာရေးကောင်းတာ အသက်ခုနှစ်ဆယ် ရှစ်ဆယ်ထိကို နေနိုင်ကြသည်။ ယခုကဲ့သို့သော ဖျော်ဖြေရေးအစီအစဉ်များ သိပ်ပြီးတော့မရှိသည့် ကျေးလက်ဒေသမျိုးမှာဆိုလျှင် လူအိုကြီးတစ်ယောက်က သူ့အိမ်၏တံစက်မြိတ်အောက်မှာထိုင်ရင်း နေပူစာလှုံနေသည့် မြင်ကွင်းမျိုးကို တွေ့ရတာပုံမှန်ဖြစ်သည်။

သို့သော် ရှန်းတုချွင်မှာတော့ သက်ကြီးရွယ်အိုအများစုကို မတွေ့ရပေ။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now