အခန်း ၆၉ Unicode

2.6K 523 49
                                    

အပိုင်း (၆၉) လျှို့ဝှက်ချက်

ကော်ရစ်တာတွင် ဘာမှမရှိပေ။

သွေးစွန်းနေသော လူသတ်သမား၏ မျက်နှာသည် အမူအရာမဲ့နေသော်လည်း ချောမောပြီး ကြောက်စရာကောင်းနေသည်။ ကျန်းလော်သည် ပြေးနေရသော်လည်း ယခုထက်ထိ သန့်ရှင်းနေသေးသည်။ ချီယုံနှင့် ပြန်တွေ့လျှင် ဒီလိုပြောဖြစ်ရန်စဉ်းစားနေသည်။

'မင်းက ငါ့အသုံးချလေးပါကွာ'

ကျန်းလော်သည် သူ့ကိုနမ်းခဲ့သည်။ တခြားဘယ်လိုအကြောင်းကြောင့်မှမဟုတ်ဘဲ ချီယုံကို ဒုက္ခရောက် ထောင်ချောက်ကျသွားစေချင်သောကြောင့်သာဖြစ်သည်။ သို့သော် ချီယုံသည် သိသိသာသာစိတ်ဝင်စားစွာပင် သူ့အနမ်းကိုတုန့်ပြန်ခဲ့ပြီး ကျန်းလော်တွန်းထုတ်နေသည်ကိုပင် ဆက်လက်ဆွဲထားခဲ့သေးသည်။ ကျန်းလော်သည် သူ၏လွှအောက်မှ လူနာတစ်ယောက်ကို ထုတ်ပေးခဲ့ခြင်းပင်မကပဲ သူ့ကို ဓားစာခံအဖြစ်ပါ အသုံးချသွားသည်။

သူအသက်ရှင်စဉ်က ချီမိသားစုမည်မျှအနိုင်ကျင့်ခဲ့ပါစေ ချီမိသားစုသည် သူ့ကိုစိတ်လွတ်မသွားစေနိုင်ခဲ့ပေ။ လူသတ်သမား၏ နှုတ်ခမ်းများသည် အားရပါးရပြုံးနေပြီး အန္တာရာယ်ရှိသော အရှိန်အဝါများပိုတိုးလာသည်။ အကယ်၍ သူသာ တစ်ခုခုကို မလုပ်ရဘူးဆိုလျှင် သူ့နှလုံးသားထဲမှ ဖြစ်ပေါ်လာသော ဆန္ဒနှင့် ကြောက်မက်ဖွယ်ဒေါသတို့ကို ပေါင်းစည်းသွားမိတော့မည်ဖြစ်သည်။

'ငါ့လို မကောင်းဆိုးဝါးဝိဉာဉ်ကိုများ ဘာတန်ဖိုးမှမပေးပဲ အခွင့်အရေးယူရဲတယ်'

လူသတ်သမားသည် ဖြည်းဖြည်းချင် ခြေထောက်ကြွလိုက်ရာ အဖြူရောင်ကုတ်အင်္ကျီသည် လေထဲသို့ လွင့်တက်သွားသည်။ သူသည် ကျန်းလော်ရှိရာဆီသို့ သွားလိုက်သည်။

ကျန်းလော်သည် လှေကားထစ်များကို ဂရုတစိုက်ဆင်းနေသည်။ လုယုံရိနှင့် စီးဝမ်ကွေးတို့သည် ခြောက်လွှာလှေကားနားတွင် သူနှင့်တွေ့ရန်ပြောထားပြီး ဖြစ်သည်။ ကျန်းလော်သည် သူတို့နှစ်ယောက်အကြောင်း ကောင်းကောင်းသိသည်။ သူတို့ပေါ်မလာလျှင် သေချာပေါက်တစ်ခုခုဖြစ်နေသောကြောင့်ပင်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now