အခန်း ၁၀၂

1.1K 156 0
                                    

အပိုင်း (၁၀၂) အကြီးကြီးကိုပဲ လုပ်လိုက်ကြရအောင်

သူ့စကားလုံးများသည် လူအုပ်ကြီးကို တိတ်ဆိတ်သွားစေသည်။ ချီယုံ၏မိသားစုသည် အရင်ဦးဆောင်ပြီး ပြောလိုက်သည်။

"ချီယုံ စကားကြီးစကားကျယ်တွေ‌ ပြောမနေနဲ့ သူတို့က မသိဘူးဆိုရင်တောင် ငါကရော မသိမှာမို့လို့လား ငါကမင်းရဲ့ တတိယဦးလေးပဲကွ ဒီချီမိသားစုဝင်တွေ အားလုံးက မင်းနဲ့သွေးသားတော်စပ်ပြီးသား မင်းငါတို့ကို ထိခိုက်အောင်လုပ်လို့ မရဘူးကွ"

ထိုသူ၏နာမည်ပြောင်သည် ချီလောင်စန်းဖြစ်ပြီး ချီမိသားစု သက်ကြီးပိုင်းများထဲမှ တစ်ယောက်ဖြစ်ကာ ယခုချီမိသားစု၏ယာယီခေါင်းဆောင်ဖြစ်သော ချီကျုံးရယ်နှင့် မျိုးဆက်တစ်ခုထဲဖြစ်သည်။ သူ့အထက်တွင် အစ်ကိုနှစ်ယောက်ရှိသေးကာ သူတို့အားလုံးသည် ချီမိသားစုတွင် နိမ့်ကျပြီး တောက်တိုမယ်ရ အောက်ခြေသိမ်းအကုန် သိမ်းကျုံးလုပ်ရသော အဆင့်နိမ့်မိသားစုဝင်များ ဖြစ်ကြသည်။

သူတို့သည် ပင်မအိမ်တော်နှင့် တော်တော်လေးသွေးဝေးကာ ဘိုးဘေးတူပြီး အမျိုးတော်သည်ဟုသာ ပြောဆိုနိုင်သည်။ ချီယုံသည် သူအသက်ရှင်စဉ်က ထိုသို့သောလူကိုပင် တတိယဦးလေးဟု မခေါ်ရဲခဲ့ပေ။ သူသည် ကျော့မော့စွာပြောလိုက်သည်။

"ချီယုံ မင်းဒီနေ့တော့ ပြေးမလွတ်တော့ဘူး"

အဘယ့်ကြောင့်ဆိုသော် ချီယုံသည် ကျိန်စာသင့်နေပြီး ထိုကျိန်စာသည် ပင်မသွေးမျိုးဆက်သည် အိမ်တော်ခွဲများကို မထိခိုက်စေရန် တားမြစ်ထားသည်။ ချီမိသားစု၏ယခင်အကြီးအကဲ မကောင်းဆိုးဝါးအသွင်နှင့်တောင် ဝတ်စုံပြည့်နှင့် တောက်ပသော လည်သာဖိနပ်ကို စီးထားသော ချီယုံသည် သက်ပြင်းချလိုက်ပြီး

"ဟုတ်တယ် ကျုပ်မင်းတို့ကို မတိုက်ခိုက်နိုင်ဘူး"

ချီမိသားစုသည် တင်းတိမ်ရောင့်ရဲသည့် သူတော်ကောင်းမျက်နှာဖုံးတပ်ထားကြပြီး ချီလောင်စန်းသည် လူအများကြီး စုဝေးထားသော်လည်း ထိုလူများကြားမှ သူ့ကို မြူနက်များသည် ချီယုံရှေ့ထိသယ်သွားသည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now