အခန်း ၉၄

898 139 2
                                    

အပိုင်း (၉၄) ရေသူမိစ္ဆာ

ကိုးနာရီထိုးပြီးနောက် ဆက်သွယ်ရေးအခန်းထဲတွင် ဖြစ်သည်။

ကျန်းလော်ရောက်သွားသောအခါ တန့်နီးအာတစ်ယောက်ထဲသာလျှင် ထိုအခန်းထဲမှာ ရှိနေသည်။ သူသည် အမှုမဲ့အမှတ်မဲ့ပင် အခန်းထဲရှိ ကိရိယာများကို စစ်ဆေးကြည့်နေပြီး နောက်မှခြေသံကြားလိုက်သောကြောင့် လှည့်ကြည့်လိုက်သည်။ ထို့နောက် အံ့ဩစွာဖြင့်

"လူကြီးမင်း ရောက်လာပြီလား"

ကျန်းလော်သည် အပေါ်ဝတ်ကို ချွတ်လိုက်ပြီး သူ့လက်မောင်းပေါ်တင်လိုက်သည်။ ထို့နောက် တန့်နီးအာထံသို့ လျှောက်သွားလိုက်ပြီး သူ့ရှေ့တွင်ဝင်ထိုင်လိုက်သည်။ သူသည်မေးထောက်လိုက်သောကြောင့် သူ့ဆံပင်ရှည်များသည် ရေများစီးဆင်းနေသကဲ့သို့ စားပွဲပေါ်ဖြာကျနေသည်။ သူ့မျက်ဝန်းများသည် ငွေရောင်လက်နေကာ လှပစွာပြုံးလိုက်ပြီး

"မင်္ဂလာ ညနေခင်းပါ"

တန့်နေးအာသည် ရှက်သွားပြီး

"မင်္ဂလာ ညနေခင်းပါ လူကြီးမင်း"

တန့်နေးအာသည် ကျန်းလော်ရှေ့တွင် နေရထိုင်ရခက်နေပုံပေါ်ကာ သူသည် ကျန်းလော်ကို ဆက်သွယ်ရေးခန်းထဲမှ ကိရိယာများအကြောင်း ရှင်းပြလိုက်သည်။ တန့်နေးအာသည် မချွင်းမချန်ရှင်းပြနေသော်လည်း သူသည် ကျန်းလော်ကိုသာ ချောင်းကြည့်နေသည်။ ကျန်းလော်သည် မသိချင်ယောင်ဆောင်ကာ ရဲကင်းကို အချက်ပြရန် အခွင့်အ‌ရေးကို စောင့်နေသည်။ သူသည် တန့်နေးအာ သူ့ပါးစပ်ကိုသုတ်လိုက်သည်ကို မြင်သွားသည်။

ကျန်းလော်သည် သူ့ကိုယ်သူကြည့်ကောင်းမှန်းသိသော်လည်း သူ့ကိုကြည့်ပြီး သွားရည်ကျလာသည်ကိုတော့ မမြင်ဖူးချေ။ သူသည် တန့်နေးအာကို ကြည့်လိုက်ပြီး

"တန့်နေးအာ တာဝန်ကျချိန်က ဘယ်အချိန်ထိလဲ"

ဖန်ကွက်ကိုင်ထားသော တန့်နေးအာသည် ခွက်ထဲမှ ရေကို ကြည့်လိုက်ပြီး

"၁၂နာရီထိပါ လူကြီးမင်း အိပ်ချင်နေပြီလား"

ကျန်းလော်သည် သူ့လက်နှင့် လည်ပင်းနားကို ပုတ်လိုက်ပြီး မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်သည်။ သူသည် အနည်းငယ်အိပ်ချင်လာသလို ခံစားရသည်။ သူလက်မြောက်လိုက်သောအခါ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေသော လက်သည် လရောင်အောက်တွင် တောက်ပနေသည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now