အခန်း ၁၇.၂

2.9K 535 7
                                    

အခန်း ၁၇.၂

စိုင်းလောင်အာ သူ့ရဲ့အိတ်ထဲကနေ သူ့ ဂျာကင်အင်္ကျီကို ထုတ်လိုက်ပြီး ပစ်ပေးလာခဲ့သည်။ ကျန်းလော့ လက်မြှောက် ကာ ဖမ်းလိုက်ပေမယ့် သူ့ရဲ့ ရှပ်အင်္ကျီ က မြှောက်တက်သွားခဲ့ပြီး သူ့ရဲ့ ကျစ်လစ်သောခါးနှင့် ဗိုက်သားတွေကို ပေါ်သွားစေတာကြောင့် ကောမန့်တွေ နောက်တခါ ပလူပျံသွားကြပြန်သည်။

ကျန်းလော့ ဂျက်ကတ်ကို ဝတ်လိုက်ပြီး ဇစ်ဆွဲလိုက်သည်။ လုယုံရိက မေးလိုက် သည်။

"ကျန်းလော့ ... မင်း ဘယ်လိုလုပ်ပြီး ဒီလိုပုံစံဖြစ်သွားရတာလဲ"

[ဝိုး ကိုကိုလေးရဲ့ နာမည်က ကျန်းလော့တဲ့]

[အဲဒီ့အရူးနှစ်ယောက် ဘယ်ကျောင်းကို တက်ကြတာပါလိမ့်။ ငါ မှတ်မိပြီ ... ပိုင်ဟွာ တက္ကသိုလ်ပဲ]

[ငါ အပေါ်စီးကနေ ရိုက်ထားတဲ့ ဗီဒီယိုကို ကြည့်လိုက်ရတယ် ... ပိုင်ဟွာ တက္ကသိုလ်က လူတွေက တော်တော် တော်ကြတာ။ နောက်ဆုံးကျန်ခဲ့တဲ့ နှစ်ယောက်က လုယုံရိနဲ့ စိုင်းလောင်အာ တဲ့ ... ဒါပေမယ့် သူတို့နှစ်ယောက်က လည်း အလယ်အလတ်အဆင့်ရှိတယ်။ ဒါနဲ့ ဒီကျောင်းက ကျောင်းသားတွေကို ရုပ်ကြည့်ပြီးတော့ ရွေးတာလား]

ကျန်းလော့၏ တိုက်ရိုက်ထုတ်လွှင့် သည့် ဗီဒီယိုကို ကြည့်နေကြသည့်သူတွေက လည်း လုယုံရိနှင့် စိုင်းလောင်အာ ရဲ့ ကင်မရာတွေဆီ ပြေးလာခဲ့ကြသည်။

[အလှလေးနဲ့ ချီယယ် အဆင်ပြေကြရဲ့ လား။ သူတို့နှစ်ယောက် ‌တောထဲကို ဝင်ပြေးပြီးတော့ ပျောက်သွားတာပဲ တွေ့လိုက်ရတယ် ... ငါ လန့်သွားတာ သေမလိုပဲ]

[သုံးစားမရတဲ့ ဒရုန်း ... သုံးစားမရတဲ့ ပွဲစီစဉ်သူတွေ]

[ဟမ်။ ငါ ချီယယ်ကို မတွေ့မိပါလား]

ကျန်းလော့ နှင့် လုယုံရိတို့ တစ်ယောက် နှင့်တစ်ယောက် အပြန်အလှန် မေးခွန်း တွေ မေးပြီးနောက်မှာ ချီယယ်ကို သတိ ရသွားကြသည်။ သူ လှည့်ကြည့်လိုက် ချိန်မှာ မည်းမှောင်နေသော တောအုပ် နှင့် မြစ်ချောင်းကို တွေ့လိုက်ရသည်။ သည်အခြေအနေမှာတော့ ကောင်းကင် ဘုံရဲ့ ဘုရားသခင်တောင် ပြန်ရမည့် လမ်းကို မှတ်မိနိုင်မယ်မထင်ချေ။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now