အခန်း ၁၀၁

1.2K 165 2
                                    

အပိုင်း (၁၀၁) ပြတင်းပေါက်မှ အလင်းတန်းများဝင်လာ

ဝိဉာဉ်ပင်တုန်ခါနေပြီး စိတ်လှုပ်ရှားမှုကြောင့် အာရုံကြောများပင် တင်းကျပ်လာသည်။ဤအချိန်အတွင်းတွင် မကောင်းဆိုးဝါးသည် ခနတာလောက် စိတ်ပျံ့လွင့်သွားပြီး ထိုခနတွင် သူ့ကိုယ်သူအရူးလုပ်နေမိသည်။ အခန်းထဲတွင် အလွန်တိတ်ဆိတ်နေသည်။

မကောင်းဆိုးဝါး၏မျက်နှာသည် မည်းသွားလိုက် ပြာလာလိုက်အမျိုးစုံပြောင်းနေသည်။ ကျန်းလော်သည် တသိမ့်သိမ့်တုန်နေသည်။ သူသည် အသိစိတ်လွတ်ထွက်မတတ် ကယောင်ကတမ်းဖြစ်လောက်အောင် စိတ်လှုပ်ရှားနေသည်။ သူ့ကိုယ်သူဘာဖြစ်နေမှန်းလည်း သိနေကာ ချီယုံ့ကိုမယုံသင်္ကာနှင့် ကြည့်နေရင်း သူ့ကိုယ်သည် တဖြည်းဖြည်းထူးဆန်းလာသည်။ ချီယုံအင်္ကျီများချွတ်လိုက်ပြီးနောက် ကျန်းလော်သည် အလွန်နောင်တရလာသည်။ သူသည် အတွေ့အကြုံလုံးဝမရှိသော မကောင်းဆိုးဝါးကြောင့် ဒဏ်ရာအကြီးအကျယ် ရလိုက်မှာကြောက်နေသည်။

'မကောင်းဆိုးဝါးတွေ ဒီလောက်ထိ အသုံးမကျလိမ့်မယ်လို့ ထင်မထားဘူး'

ကျန်းလော်သည် ရယ်ချလိုက်သည်။

ဆံပင်အနက်နှင့်ကောင်လေး၏ မျက်နှာသည် နီရဲလာလိုက် ဖြူဖျော့သွားလိုက်ဖြစ်နေကာ နာကျင်မှုကို မနည်းထိန်းချုပ်ထားရသည်။ သို့သော် ယခုအချိန်တွင် သူ့မျက်နှာသည် နီရဲနေပြီး ခပ်ဟဟထိုင်ရယ်နေပြန်သည်။

"ငါအခုထိ မယုံနိုင်သေးဘူး မင်းကလေ............................ခွီး....ဟားဟားဟားဟား"

ရယ်မောပြီးနောက် ကျန်းလော်သည် ချက်ချင်းတည်သွားပြီး သူ၏စိတ်မရှည်မှုကို ဗြောင်ကျကျပင် မျက်ခုံးတွန့်လိုက်ပြီး ဖော်ပြလိုက်ကာ သွေးနီရောင်နှုတ်ခမ်းကို ကော့လိုက်ပြီး လှောင်ပြောင်လိုက်သည်။

"မင်းလုပ်နိုင်မှာလား၊ မလုပ်နိုင်ရင်လစ် တစ်ခြားတစ်ယောက်ယောက် ခေါ်ပေးခဲ့"

"တခြားလူတစ်ယောက်လား အသစ်တစ်ယောက် ဟုတ်လား"

သူပြောပြီး မကြာသေးခင် ပစ္စည်းများအောက်ပစ်ချလိုက်ပြီး ချီယုံသည် သူ့ဆီသို့ ခြေလှမ်းအကျဲကြီးနှင့် လျှောက်လာသည်။ ကျန်းလော်သည် အသက်ရှူကြပ်လာသလို ခံစားရပြီး သူ့အောက်မှစောင်ကို တင်းတင်းကိုင်ထားသည်။ ထို့နောက် နောက်ထပ်ပြောမည့် စကားများကို မျိုချလိုက်ရသည်။ ထိုအချိန်တွင်

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now