အခန်း ၇၉ Unicode

2.3K 511 25
                                    

အပိုင်း (၇၉) 

နောက်ဆုံးပွဲစဉ်

ကျန်းလော်သည် ပါးရိုက်လိုက်ရန် မတွေဝေခဲ့ပေ။

အတွင်းထဲမှာ ကျိတ်ရယ်နေပြီး အများအမြင်တွင် ဝမ်းနည်းအားငယ်နေသော မျက်နှာလေးနှင့် မယုံနိုင်သဖွယ် မျက်ရည်များဝဲနေသေးသည်။ ဘဝဇာတ်ခုံဆိုသော စကားအတိုင်းကျန်းလော်သည် ဇာတ်ညွှန်းကိုင်ထားပြီး သရုပ်ဆောင်တော့သည်။ သူသည် မယုံနိုင်လောက်အောင် အသည်းကွဲသွားရသလိုပြောလိုက်သည်။

“မင်း အရင်က ဒီလိုမဟုတ်ခဲ့ပါဘူး ချီယုံရာ”

“မင်းဘယ်တုန်းက ဒီလိုစကားမျိုးပြောထွက်ဖူးလို့လဲလို့............”

သူ့အရင်ချစ်သူရဲ့ ပြောင်းလဲသွားသည့် ပုံစံကို မကြည့်ရက်နိုင်စွာ ခေါင်းစောင်းလိုက်ပြီး တည်ငြိမ်အောင် မနည်းကြိုးစားနေကာ

“ငါမင်းကို အခုမတွေ့ချင်သေးဘူး စိတ်ငြိမ်ဖို့ တစ်ယောက်ထဲနေချင်တယ် ထွက်သွားပေးပါ”

အခန်းတစ်ခုလုံး အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားသည်။ လူတိုင်းသည် အသက်ပင် ရဲရဲမရှူဝံ့ပေ။ လွန်ခဲ့သော တစ်စက္ကန့်ကလောက်ပင် ဒေါကြီးမောကြီး ဖြစ်နေသော ချီရယ်သည် ယခုအချိန်တွင် အောင်နိုင်သူကြီးလို မိန့်မိန့်ကြီးထိုင်နေပြီး ဒေါသထွက်ကာ မနာလိုနေသော နှလုံးသားကို ပျားရည်လောင်းပေးလိုက်သလို ချိုမြသွားသည်။ 

‘ကျန်းလော်က ငါ့အတွက်ချီယုံနဲ့ ရန်ဖြစ်ပေးတယ်.................’

ချီရယ့်နှလုံးသားလေးသည် ငြိမ့်ငြိမ့်လေးခုန်နေကာ စောနက ချီယုံ့စကားများကို ချက်ချင်းမေ့သွားသည်။ ဝမ်ယမ်လန်နှင့် ကျိုးကျုံးချိုးသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ 

ကျိုးကျုံးချိုးသည် နောက်ဆုံးတော့ ကျန်းလော်အသိတရားရသွားပြီ ဆိုပြီး စိတ်သက်သာသွားကာ မသိမသာ ခေါင်းညိတ်လိုက်သည်။ 

ဤအချိန်လေးအတွင်းတွင် မကောင်းဆိုးဝါးဖြစ်သွားသော ချီယုံနှင့် သူအသက်ရှင်စဉ်က ချီယုံတို့ ကွာခြားသွားပြီဖြစ်ကြောင်း တွေ့ရှိသွားကြသည်။ ကျန်းလော်သာ ဒီအချက်ကို မြင်နိုင်လျှင် မကောင်းဆိုးဝါးနှင့် လူသားကြားက ခံစားချက်ကို ဖြတ်တောက်နိုင်မှာ ဖြစ်သည်။ 

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now