အခန်း ၄၉ Unicode

2.9K 536 11
                                    

အပိုင်း (၄၉) ယွမ်ထျန်းကျူး ဖြစ်ပေါ်လာပုံ

လေယာဉ်ဆိုက်လျှင်ဆိုက်ချင်း သူတို့သည် လေဆိပ်မှထွက်လာခဲ့ကြသည်။ ထို့နောက် စာတမ်းတစ်ခုကို ထင်ထင်ရှားရှားရေးထားသော ကျောင်းဘက်စ်ကားတစ်စီးတွေ့လိုက်ရသည်။ ထိုကားတွင် ရေးထားသည်မှာ

" 'ပြိုင်ပွဲမှ ပြန်ရောက်လာကြပြီ ဖြစ်သော ကျောင်းသားများကို နွေးထွေးစွာ ကြိုဆိုပါ၏' ပိုင်ဟွားတက္ကသိုလ်"

ထိုစာကြီးရေးထားသော ကားမှာ လူများကြားတွင် ထင်းထွက်နေပြီး မျက်စိစူးလောက်အောင် ကြောင်ကြောင်ကြားကြား ရေးထားသောကြောင့် ထိုနေရာမှ ဖြတ်သွားသူတိုင်းသည် ခနခန ပြန်လှည့်ကြည့်သွားကြသည်။

ဖြတ်သွားဖြတ်လာများ '......'

ပထမလေယာဉ်နှင့် လွဲသွားပြန်သော ချီရယ်သည် ထိုစာတမ်းကြီးကိုမြင်၍ စိတ်ပျက်စွာဖြင့်

"ဒါက ပိုင်ဟွာတက္ကသိုလ်ရဲ့ ကြိုဆိုတဲ့ပုံစံပေါ့"

သူတို့သည် ခပ်လျှိုလျှိုလေး ကားပေါ်သို့ မမြင်သာအောင် တက်သွားကြသော်လည်း ယာဉ်မောင်းသည် သူတို့ကားပေါ်ရောက်ရောက်ချင်း မွေးနေ့များတွင် ဖောက်လေ့ရှိသော ရောင်စုံအမှုန်ထွက်သော ဗျောက်ကို ဖောက်လိုက်လေသည်။ ကျန်းလော်သည် အမူအယာမဲ့စွာဖြင့် ပြတင်းပေါက်နားရှိခုံတွင် ခေါင်းပေါ်မှ အမှုန်များမခါဘဲ အမြန်ဝင်ထိုင်လိုက်သည်။ ချီရယ်သည် ကျန်းလော်ဘေးတွင် ဝင်ထိုင်ပြီး သူ့ကိုယ်ပေါ်မှ အမှုန်များကိုခါလိုက်သည်။ ထို့နောက်ကျန်းလော်ကို လှည့်ကြည့်လိုက်ရာ သူ့ခေါင်းပေါ်တွင် အမှုန်များအများအပြား ရှိနေသောကြောင့် ချီရယ်သည် လက်ဖဝါးများယားလာပြီး မခံစားနိုင်တော့ဘဲ ပြောလိုက်သည်။

"မင်းခေါင်းပေါ်မှာ စာရွက်စုတ်တွေ ရှိနေတုန်းပဲ"

ကျန်းလော်သည် ခေါင်းခါထုတ်လိုက်ပြီး လက်နှင့်သပ်လိုက်ကာ

"ရှိသေးလား"

ချီရယ်သည် ခေါင်းခါလိုက်ပြီး ကျန်းလော်၏ နားရွက်နားမှ ဆံပင်ဖြူစုစုလေးကို မြင်သောအခါ မေးလိုက်ပြန်သည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now