အခန်း ၅.၂

3K 553 25
                                    

အခန်း ၅.၂

ကျန်းလော့ ရှေ့သို့ထွက်ပြီး တံခါး ခေါက်လိုက်သည်။ သူနှစ်ကြိမ်မြောက် ခေါက်လိုက်ပေမယ့်လည်း အထဲကနေ ဘယ်သူမှ ဖြေမလာခဲ့ချေ။ သူ တံခါးကို အလွယ်တကူပဲ တွန်းဖွင့်လိုက်ပြီး မီးခိုးတန်းက ဖြောင့်ဖြောင့်တန်းတန်းပဲ လွင့်မျောကာ ကုတင်၏အောက်သို့ တိုးဝင်သွားခဲ့သည်။

အခန်းထဲမှာ မည်သူမှမရှိချေ။

သူတို့သုံးယောက်သား ခုတင်ကို သတိ အနေအထားဖြင့် ဝန်းရံလိုက်ကြသည်။ ယယ်ရွှင် အမွှေးတိုင်ကို ကုတင်ဘေးရှိ ကြမ်းပြင်ထက်မှာ ချလိုက်ပြီး ကျန်းလော့ရဲ့ လက်ထဲက ယုန်ရုပ်ကို ယူ၍ ပွေ့လိုက်သည်။ သူ အေးစက်စက်ပဲ ပြောလိုက်သည်။

"ထွက်လာခဲ့"

ရုတ်တရက်ဆိုသလို ခုတင်အောက်ခြေ ကနေပြီး ဘောလုံးတစ်လုံး လိမ့်လာသံ ကို ကြားလိုက်ရသည်။ ခေါင်းတစ်လုံး က ကုတင်အောက်ကနေ လှိမ့်ထွက်လာ ခဲ့သည်။ ခေါင်းပတ်ပတ်လည်ကို အနက် ရောင်ဆံပင်ရှည်တွေနှင့် ရစ်ပတ်ထားခဲ့ ပြီး ဆံပင်တွေနှင့်လုပ်ထားသော ဘောလုံးနှင့်ပင် သွားတူနေခဲ့သည်။

ယယ်ရွှင် မလှုပ်ရှားခဲ့ချေ။ ခေါင်းပြတ်က ကြမ်းပြင်ကနေပြီး ကျန်းလော့ရဲ့ ခြေထောက်နားကို လှိမ့်လာခဲ့ပြီး သူ့ရဲ့ဆံပင်တွေကြားကနေ မျက်လုံး တစ်လုံးကို ပြသလာခဲ့သည်။

"သူငယ်ချင်းလေး ... မင်းရဲ့ဆံပင်က တကယ်ကို တောက်ပြောင်ပြီးတော့ ကျက်သရေရှိတယ်။ ဟောဒီ့က ကျောင်းသား‌‌လေးကို မင်းရဲ့ဆံပင်ကို ဘယ်လိုမျိုး ထိန်းသိမ်းလဲဆိုတာ ပြောပြပေးလို့ရမလား"

လုယုံရိ လှောင်ရယ်သံတစ်ချက် ပြုလိုက် သည်။ သူ ခြေတစ်လှမ်းတိုးပြီးနောက် ခေါင်းကို ဆွဲကိုင်လိုက်သည်။ သူ ရက်ရက်စက်စက် ပြောလိုက်သည်။

"မင်းရဲ့ ဆံပင်ကလည်း မဆိုးဘူးလို့ ငါတော့ထင်တယ်"

ခေါင်းပြတ်ကြီးက နားအူလောက်သော အသံဖြင့် အော်လာခဲ့သည်။

"ငါ့ကို ဒီလိုမ‌ဆောင့်ဆွဲနဲ့။ ငါ ထိပ်ပြောင်သွားလိမ့်မယ်။ ထိပ်ပြောင် သွားလိမ့်မယ်လို့"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now