အခန်း ၁၉.၂

2.7K 535 13
                                    

အခန်း ၁၉.၂

ပြောနေစရာတောင်မလိုပဲ ဒီအခန်းထဲမှာ အဖွဲ့က နှစ်ဖွဲ့လို ဖြစ်နေတာကြောင့် သူတို့တွေ တစ်ယောက်နှင့်တစ်ယောက် စကားအများကြီး မပြောခဲ့ကြပေ။

ဤပြိုင်ပွဲမှာ ကျောင်းတစ်ကျောင်းတည်း က မဟုတ်သော သူတွေက အချင်းချင်း ပြိုင်ဘက်တွေပင်။ ထို့အပြင်ကို လူ အယောက် 130 ထဲက ပမာဏအနည်း ငယ်သာဖြစ်သော အယောက်30 သာ နောက်တစ်ဆင့်ကို တက်နိုင်မှာဖြစ်၍ လူတိုင်းက အချက်အလက်တွေကို ကာကွယ်ထားကြသည်။

ပိုင်ဟွာတက္ကသိုလ်က လူတွေအကုန် အဆောင်တွေရှေ့က မြေကွက်လပ်မှာ စုလိုက်ကြသည်။ ခွမ့်ကျိန်း နှင့် ဝမ်ယမ် က တစ်ခန်တည်းကျပြီး လုယုံရိနှင့် ယယ်ရွှင်က တစ်ခန်းဖြစ်ကာ ကောကျူ နှင့် စိုင်းလောင်အာတို့က တစ်ခန်းဖြစ် သည်။ သေချာကြည့်လိုက်တော့မှ အဆောင်ခန်းတစ်ခုတည်းမှာ ကျောင်း တစ်ခုစီကလူ နှစ်ယောက်စီဖြစ်နေခဲ့ သည်။

"အကုန်လုံးက လေးယောက်အခန်း တွေပဲ မဟုတ်ဘူးလား"ကျန်းလော့ မျက်မှောင်ကြုတ်လိုက်သည်။

"စာရွက်ထဲမှာ ရေးထားတဲ့ 4-5 ယောက် အခန်းထဲမှာဆိုတာက ကျောင်းဆောင် အဟောင်းက အဆောင်ခန်းတွေကို ရည်ညွှန်းထားတာ မဟုတ်ဘူးလား"

" ဖြစ်နိုင်ချေ အရမ်းရှိတယ်"ဝမ်ယမ်လန် တွေးလိုက်သည်။ "ညွှန်ပြ ထားတာက အရမ်းကို မရေမရာ ဖြစ်လွန်းတယ်။ အဲတာနဲ့ကိုက်ညီတဲ့ အချက်အလက်လည်း မရှိဘူး"

သူ ပြောပြီးသည့်နောက် ကျန်းလော့ကို ကြည့်လိုက်သည်။

"ကျန်းလော့ ... မင်းရော တစ်ခုခုကို တွေ့မိသေးလား"

ကျန်းလော့ အဆောင်အဆောက်အဦး ကို ပြန်လှည့်ကြည့်လိုက်သည်။

ကောင်းကင်ကြီးက မှုန်မှိုင်းနေပြီးတော့ အဆောင်ခန်းအို၏ အဆောက်အဦးက မီးခိုးရောင်သန်းနေကာ ယိုယွင်းပျက်စီး နေခဲ့ပြီး သုံးထပ်နှင့် လေး‌ထပ်မြောက် မှာရှိသော နံရံတချို့က ကွာကျနေပြီး တော့ အထဲက မီးခိုးဖြူရောင် နံရံကြီးကို လှစ်ဟပြနေခဲ့သည်။

အဆောက်အဦးပုံစံကြီးက စိုထိုင်းထိုင်း နှင့် ‌မှောင်မဲကာ လူတွေကို ကြည့်ဖို့ရာ တောင်မှ စိတ်ဓာတ်ကျစေသည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now