အခန်း ၂.၂

4.1K 584 5
                                    

အခန်း ၂.၂

ယယ်ရွှင် ပြောနေသော ပြိုင်ပွဲက ရုပ်နယ်လွန်လောကမှာ လေးနှစ် တစ်ကြိမ် ကျင်းပလေ့ရှိသော အကြီးအကျယ် ပြုလုပ်သည့် ပြိုင်ပွဲကြီး ပင်။ သည်နှစ်ရဲ့ ကျင်းပရာနေရာက ယွင်နန် ဖြစ်သည်။

ပြိုင်ပွဲတိုင်းက သူတို့နယ်ပယ်သားတွေရဲ့ အထူးစိတ်ဝင်စားမှုကို ခံကြရသည်။ အခုချိန်ကို ရုပ်နယ်လွန်နှင့် ဖုန်းရွှေ လောကရဲ့ ရွှေခေတ်လို့ပင် ပြောလို့ရ သည်။ ပြိုင်ပွဲမှာ ကျန်းလော့ရဲ့ မေဂျာနှင့် နာမည်တူသော သိပ္ပံနည်းကျခေါင်းစဉ် တောင်ရှိသေးသည်။ "ပြည်နယ် ကောလိပ်ကျောင်းသားတွေရဲ့ သဘာဝ သိပ္ပံပြိုင်ပွဲ ယှဉ်ပြိုင်မှု"ဟု၍ပင်။

အဓိကတက္ကသိုလ်ကြီးတွေရဲ့ ရုပ်နယ်လွန် ဌာနရှိ ကျောင်းသားတွေမှာ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ရာအတွက် အနည်းဆုံး လုပ်ဆောင်ချက်အမှတ် 20 ရှိရမှာဖြစ်သည်။ လုယုံရိနှင့် ယယ်ရွှင်တို့ တခဏလောက် အံ့အားသင့်သွားပြီး နောက်မှာ ကျန်းလော့ရဲ့ အရင်ပုံစံကို ပြန်တွေးလိုက်မိပြီး သူတို့ ထပ်မအံ့ဩ တော့ချေ။ သင်သမျှအတန်းတိုင်းကို ကျန်းလော့ လုံးဝလိုက်နားမထောင် တာလားလို့ပင် လုယုံရိ သိချင်လာမိ သည်။ "မင်းရဲ့ လုပ်ဆောင်ချက်အမှတ် ကတော့ လုံးဝရှက်စရာကောင်းလွန်းပါ တယ်ကွာ။ ကျန်းလော့ မင်း အတန်းထဲ မှာ ဘာကိုမှ လိုက်မသင်ဘူးလား။ မင်းကို စမ်းသပ်ကြည့်ရအောင် ... ပတ်ပတ်လည်က ပတ်ဝန်းကျင်ကို ကြည့်လိုက်စမ်းပါ ပြီးတော့ ဟိုတယ် 129 ရဲ့ ဖုန်းရွှေကိုပြောကြည့်"

ကျန်းလော့ ထိုစကားတွေကိုကြားချိန်မှာ ရပ်နေရာကနေ လှည့်ပတ်ကြည့်လိုက် သည်။

မူလပိုင်ရှင်ရဲ့ စိတ်ထဲမှာ ဗလာသာရှိပြီး သူ့မှာ ပညာရှင်ဆန်ဆန် ဗဟုသုတဆိုတာ လည်းမရှိချေ။ သို့သော် ကျန်းလော့က ဒီဇိုင်းပညာကို သင်ခဲ့တာဖြစ်ပြီး ဒီဇိုင်း ပညာကို လေ့လာခဲ့‌သောသူမှန်သမျှ တားမြစ်ထားသောအမှားကို မလုပ်မိ စေရန် ဖုန်းရွှေနှင့် ပတ်သတ်သည့် အသိပညာ အချို့ကို သင်ကြရသည်။

သူ ဟိုတယ် 129 ကို အရင်ကြည့်လိုက် သည်။ နတ်သမီးပုံပြင်စတိုင် အဆောက် အဦးကြီးက နှစ်လိုသာယာဖွယ်ကောင်း သော ကျေးလက်ရှုခင်းတွေကြားမှာ တစ်မူထူးနေခဲ့သည်။ ကျန်းလော့ မျက်ခုံး ပင့်လိုက်သည်။ "ကျောဘက်မှာ တောင် ရှိပြီးတော့ အရှေ့ဘက်မှာ သစ်ပင်တွေ ရှိတယ် ... ဘယ်ဘက်မှာ ရေရှိပြီးတော့ ညာဘက်မှာ လမ်းကျယ်ကြီးရှိတယ်။ နဂါးပြာ ၊ ကျားဖြူ ၊ မီးငှက် နဲ့ လိပ်နက် တို့ အတူဆုံစည်းနေကြတာ။ ဒီနေရာက က ဖုန်း‌ရွှေရတနာကြီးပဲ"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now