အခန်း ၆၀ Unicode

2.8K 558 32
                                    

အပိုင်း (၆၀) ကျောင်းကျောင်း

ရေချိုးခန်းထဲတွင် ဘန်းခနဲ အသံအကျယ်ကြီး ထွက်လာသည်။ ဖုဝေသည် ကျန်းလော့ကို ကြမ်းပြင်ပေါ်သို့ တွန်းလှဲလိုက်သည်။ ဆံပင်အနက်နှင့် လူငယ်လေး၏ ဒူးခေါင်းသည် ဖုဝေလည်ပင်းပေါ်သိုရောက်နေပြီး ကျန်းလော့သည် ပြုံးပြီးငုံ့ကြည့်လိုက်ကာ ဖုဝေပါးကို ညင်သာစွာပုတ်လိုက်ပြီး

"နောက်ထပ်ဒီလိုထပ်မလုပ်နဲ့ အစ်ကိုကြီးကျန်းက တကယ်ကို စိတ်ညစ်ရလိမ့်မယ် ဟုတ်ပြီလား"

ဖုဝေသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့နှုတ်ခမ်းကိုထိလိုက်သည်။ သူ့ပါးစပ်ထောင့်သည် အနည်းငယ်ကွဲသွားသည်။ ထိုလူငယ်သူ့ကို ချုပ်ကိုင်နိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှာမဟုတ်ပေ။ ပိန်ပိန်ပါးပါးလေးက အရိုးထဲမှ အားများထွက်လာဟန် တူသည်။

ကျန်းလော့သည် သူ့ခေါင်းကို ခေါက်လိုက်ပြီး သတိပေးသလို မဲ့ပြုံးပြုံးပြလိုက်သည်။

"ငါ့ကိုထပ်ပြီး ဒီလိုအပြုအမူနဲ့ တံတွေးထွေးရဲရင် မင်းမျက်နှာကို ဆေးလိပ်မီးနဲ့ အပေါက်ဖြစ်အောင် လုပ်ပစ်လိုက်မယ်"

ထိုသို့ပြောပြီးနောက် ကျန်းလော့သည် ဖုဝေလက်ထဲမှ သူ့အင်္ကျီကော်လာကို ပြန်ဆွဲယူလိုက်သည်။ ကျန်းလော့သည် ချီယုံနှင့် လုပ်ထားသော အလောင်းအစားကို မမေ့ပေ။ သူသည် ချီယုံဘယ်သူလဲဆိုတာ မြန်မြန်ရှာတွေ့ဖို့ လိုသည်။

ဖုဝေတွင် ထိုခွေးကောင်နှင့်တူညီသော အချက်ရှိသလို မတူညီတာတွေလည်း များသည်။ သို့သော်မှားခန့်မှန်းမိလိုက်တာကတော်သေးသည်။ သူ့အတွက် လူတိုင်းကို သေချာလိုက်ကြည့်မှ ရမည်။ ကျန်းလော့အတွက် ဖူလုများသည် အလွန်ပေါသောကြောင့် ကောင်းကောင်းကြီး စမ်းသပ်နိင်သည်။

ထိုသို့ စမ်းသပ်ရန်အချိန်တွင် ဖုဝေသည် ကျန်းလော့ခါးကို လှမ်းဆွဲပြီး မျက်မှောင်ကြုပ်၍ မနှစ်မြို့စွာပြောလိုက်သည်။

"မင်း ဘာလုပ်ချင်နေတာလဲ"

ကျန်းလော့သည် သူ့ကိုပြန်ပြောရန် ဂရုမစိုက်အားပေ။ သူ့ဒူးဖြင့် ဖုဝေလည်ပင်းကို တင်းနေအောင် ဖိထားပြီး ဖုဝေသည် လက်များဖြင့် ထိုဒူးခေါင်းကို ဖယ်ရန်အတင်းရုန်းကန်နေသည်။ ဖူလု ကောင်းကောင်းကပ်မိတော့မိအချိန်တွင် တံခါးခေါက်သံ ပေါ်လာသည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now