အခန်း ၁၀၅

1.1K 160 2
                                    

အပိုင်း (၁၀၅) အားလုံးပြီးသွားပြီ

သူပြောပြီးနောက် အရာရှိလမ်သည်

"အိုး အိုး အိုး ဟုတ်သားပဲ သွေးငါးရှဉ့်ခေါင်းဆောင် ဟုတ်တယ် အဲ့ဒါ ငါးမလား ဟုတ်တယ်မလား"

အရာရှိလင်သည် ကြိုးတုတ်ထားသော ငါးအထီးဆီလျှောက်သွားလိုက်ပြီး လှည့်ပတ်ကြည့်ကာ နှာခေါင်းကို လက်နှင့်ပိတ်ထားလိုက်ပြီး

"ဘုရားရေ ဘာလို့ဒီလောက် နံရတာလဲ"

ကျန်းလော်သည် တည်ငြိမ်စွာပင် လိရှားပုခုံးကို ထပ်ပုတ်လိုက်သည်။

"ကျွန်တော်ပြောတဲ့ သွေးငါးရှဉ့်တွေရဲ့ ခေါင်းဆောင်ဆိုတာ ဒီတစ်ယောက်ကို ပြောတာဗျ"

ကျန်းလော်စကားကိုကြားလိုက်သော သူတိုင်းသည် နေရာတွင်ပင် ကြက်သေသေသွားသည်။ သူ့သူငယ်ချင်းများပင်လျှင် ကျန်းလော်ကို အမ်းကြည့်နေကြသည်။

လိရှားသည် ကျန်းလော်ကို နားမလည်သလိုကြည့်လိုက်သည်။ သူမသည် ကျန်းလော်ကို မော့ကြည့်လိုက်ပြီး

"ကိုကို"

ကျန်းလော်သည် သူမကိူ နူးညံ့စွာ ပြုံးပြလိုက်ပြီး

"မကြောက်နဲ့ ခနနေကျရင် ကိုကိုက မင်းကို သော့ခတ်ထားတော့မှာ နော်"

သူပြောလို့ပြီးသွားပြီးနောက် သူသည် ရဲအရာရှိများကို ကြည့်လိုက်ကာ

"အရာရှိလင် ကျွန်တော်ပြောတဲ့ အစောင့်အကြပ်ကောင်းကောင်းချထားတဲ့ အခန်းပြင်ထားပြီးပြီလား"

အရာရှိလင်သည် လိရှားကို ကြည့်လိုက်ပြီး ကျန်းလော်ကို တွေဝေစွာမေးလိုက်သည်။

"မင်းအထင်လွဲနေတယ်ထင်တယ်နော်"

လိရှားသည် မျက်လုံးပြူးလာပြီး နောက်ဆုတ်သွားကာ သူမရှေ့ရှိ ဝမ်ယမ်လန်၏ ရှပ်အင်္ကျီကိုဆွဲ၍ င်ုနေကာ

"မမ သမီးကြောက်တယ်"

ဝမ်ယမ်လန်သည် သူမကိုကြည့်လိုက်ပြီး ငြင်သာစွာပြုံးလိုက်ကာ သူမလက်ကလေးကို ဆွဲလိုက်ပြီး

"အဆင်ပြေပါတယ်"

လိရှားနည်းနည်းအကြောက်ပြေသွားသည့် အချိန်တွင် ဝမ်ယမ်လန်သည် လိရှားလက်ကို အောက်ဆွဲချပြီး လုံးဝ မတွေဝေပဲ သူမလက်ကိုနောက်ပြန်ကြိုးတုတ်လိုက်သည်။ လိရှားသည် ဝမ်ယမ်လန်ကို မယုံနိုင်သလိုကြည့်လိုက်သည်။ ထိုအခါ ဝမ်ယမ်လန်သည် နှုတ်ခမ်းများကော့တက်သွားပြီး

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now