အခန်း ၅၅ Unicode

2.6K 501 3
                                    

အပိုင်း (၅၅) ဗုဒ္ဓသားတော် ကောဝူချန်

ကျန်းလော့သည် တခြားတစ်ယောက်ဟုထင်လိုက်သော်လည်း ပထမနေရာရဖို့ အမြဲတမ်းလိုက်ပြိုင်နေသော ချီရယ်ဖြစ်နေသည်။ ချီရယ်သည် ကျန်းလော့ကို လွတ်လိုက်သော်လည်း ကျန်းလော့ကို စိုက်ကြည့်နေဆဲဖြစ်ကာ အလွန်သောကရောက်နေပုံဖြင့် သူ့မျက်လုံးများသည် နီရဲဖောင်းကားနေကာ နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသည်။

"မင်းကအရူးလား ဘာမှမသိဘဲ ဖြူနီသရဲတွေကို ရင်ဆိုင်ဖို့သွားရလား ဒီလိုတောင် ဆွဲသွားခံလိုက်ရလားကွ"

ကျန်းလော့သည် ထိုကဲ့သို့သော အထိမခံနိုင်လောက်သော တုံ့ပြန်လာမှုမျိုးကို မမျှော်လင့်ထားခဲ့ပေ။ သူသည် မထိန်းနိုင်စွာ မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။

"ငါ့ကိုတအားစိတ်ပူနေခဲ့တာလား"

ချီရယ်သည် ရှက်သွေးဖြာသွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့်

"ဘယ် ဘယ်သူက မင်းကို စိတ်ပူလို့လဲ.............."

ကျိုးကျုံးချိုးသည် ချီရယ်ပုခုံးကိုပုတ်လိုက်ပြီး

"ဖက်လို့ဝရင်ဖယ်တော့ဟာ ငါတို့ကိုလည်း ကျန်းလော့ကို ဖက်ဖို့ အလှည့်ပေးပါဦး"

ချီရယ်မျက်နှာသည် နီရဲသွားပြီး နောက်သို့ နှစ်လှမ်းလောက်ဆုတ်သွားသည်။ သူငယ်ချင်းများ ကျန်းလော့နှင့် လုယုံရိကို ပြေးဖက်လိုက်ကြသည်။ ကျန်းလော့သည် သူငယ်ချင်းအချင်းဘာကြောင့်ဖက်ကြမှန်း နားမလည်နိုင်သော်လည်း ကိုယ်တိုင်ကြုံလိုက်သောအခါ ပထမဆုံးပွေ့ဖက်လိုက်သည့် အခိုက်အတန့်တွင် ကျန်းလော့သည် တစ်ယောက်နှင့်တစ်ယောက်ဖက်ကြခြင်းသည် အချင်းချင်းဂရုစိုက်ကြကောင်း ဖော်ပြသည့် နည်းလမ်းကောင်းဖြစ်ကြောင်း သတိထားလိုက်မိသွားသည်။

ကျန်းလော့သည် တိတ်ဆိတ်စွာ သူငယ်ချင်းများထံမှ အဖက်ခံနေသည်။

'ဒ်ါ တကယ့်ကို နွေးထွေးလိုက်တာ'

သူတို့နှစ်ယောက် ဒဏ်ရာမရတာသေချာမှ တစ်အုပ်စုလုံးသည် ရေပူစမ်းဥယျာဉ်ထဲသို့ ပြန်ဝင်သွားသည်။ ကျန်းလော့သည် သူတို့အုပ်စုကို ကြည့်လိုက်ပြီး မေးလိုက်သည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now