အခန်း ၆၄ Unicode

2.5K 484 18
                                    

အပိုင်း (၆၄) ဒိုင်ယာရီ

တံခါးအပြင်မှ ကျန်းဖုန်းကိုကြည့်လိုက်ပြီး

"တဆိတ်လောက် ကျန်းဖုန်း မင်းပြန်လာတာလား"

အပြင်ဘက်မှ ကျန်းဖုန်းကပြန်ပြောသည်။

"ငါ့မှာ သော့မရှိတော့လို့ တံခါးဖွင့်ပေးစမ်းပါ"

ရယ်ရွှင် ".........."

ကျန်းဖုန်းမျက်နှာနှင့် အပြင်ဘက်မှလူသည် ခေါင်းစောင်းကြည့်လိုက်ပြီး ထပ်ပြောသည်။

"ငါ့ကိုတံခါးဖွင့်ပေးလို့ရမလား"

ရယ်ရွှင်သည် ရေချိုးခန်းဘက်ကို လှည့်ကြည့်လိုက်သည်။ ရေချိုးခန်းတွင် ကျန်းဖုန်းရေချိုးရင်း သီချင်းဆိုနေသော အရိပ်ထင်နေပြီး ထိုကျန်းဖုန်းသည် စိတ်ပျော်နေပုံရကာ သီချင်းအကျယ်ကြီး အော်ဆိုနေသည်။

အထဲတွင် ကျန်းဖုန်းတစ်ယောက် အပြင်မှာကျန်းဖုန်းတစ်ယောက် ဘယ်ဟာ အစစ်မှန်းမသိတော့ပေ။ အပြင်ဘက်မှတစ်ယောက်သာ ကျန်းဖုန်းအစစ်ဆိုလျှင် ရေချိုးနေသူမှာ မည်သူနည်း။

အထဲကသာအစစ်ဆိုလျှင် အပြင်ကကောင်ကရော ။

ရယ်ရွှင်သည် ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေပြီး အပြင်ဘက်မှ လူကို သေချာထပ်ချောင်းကြည့်လိုက်သည်။

'အနည်းဆုံးတော့ မျက်နှာပါတဲ့ကျန်းဖုန်းက ပိုပြီး လူသားဆန်သေးတယ် မျက်နှာမပါတာကြီးကကွာ တော်တော်...........'

ရယ်ရွှင်သည် တွေဝေနေပြီး ခနနေကျတော့ သူ့ခုံကို ဖယ်လိုက်ကာ တံခါးလက်ကိုင်ပေါ် လက်တင်လိုက်သည်။ သူတံခါးကို ဖွင့်တော့မည့် အချိန်မှာပင် တံခါးသည် လော့မချထားကြောင်း သတိထားမိသွားသည်။ မျက်နှာမပါသော ကျန်းဖုန်းသည် တံခါးကို လော့မချဘဲ ဒီတိုင်းပိတ်ခဲ့တာဖြစ်သည်။

'ဘာလို့အပြင်ကကျန်းဖုန်းက သော့ခတ်ထားတယ်ပဲ ပြောနေတာလဲ ဒီတိုင်းတံခါးလက်ကိုင်ကို လှည့်ပြီး ဝင်လာရုံပဲဟာကို'

ရယ်ရွှင်သည် စိတ်ရှုပ်သွားပြီး တံခါးလက်ကိုင်ပေါ်မှ လက်ဖယ်လိုက်သည်။

ထို့နောက် သူတစ်စုံတစ်ခုကို သတိရသွားသည်။

လူတစ်ချို့သည် ပရိဘောဂများလုပ်ရောင်းရန် သေသူများအခေါင်းကို ဖော်ပြီး သစ်သားများယူလာတတ်သည်။ ထိုသစ်သားများဖြင့် ပြုလုပ်ထားသော ပရိဘောဂများသည် ကြောက်မက်ဖွယ် ပျက်ဆီးမှုများပေးနိုင်သည့် ဖြစ်ရပ်များကို ယူဆောင်လာနိုင်သည်။ ထိုသစ်သားများထဲတွင် သေသူ၏ဝိဉာဉ်သည် စိတ်စွဲလမ်းမှုကြောင့် သူ့ပစ္စည်းနောက်လိုက်လာရင်း ပိတ်မိသွားနိုင်ပြီးး ထိုပိတ်မိသွားသော သေသူများသည် သူတို့ပိုင်သစ်သားနှင့် ပြုလုပ်ထားသော ပရိဘောဂများကို အဆက်မပျက်ခေါက်ပြီး လူသားများအာရုံစိုက်လာအောင် လုပ်တတ်သည်။ ထိုပရိဘောဂများထံမှ ခေါက်သံမြည်နေချိန် လူသားများသွားဖွင့်ပေးလိုက်မိပါက သေသူများသည် ထိုနေရာမှ လွတ်လာပြီး အဆုံးစွန်သော ကြောက်မက်ဖွယ်ကိစ္စများ လုပ်ဆောင်ပေလိမ့်မည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now