အခန်း ၁၀၈

1.1K 160 1
                                    

အပိုင်း (၁၀၈) မှဲ့သုံးလုံး

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင် က ငြင်းဆန်လိုက်သည်။

"ငါက မင်းရဲ့တပည့်ကို ဝိဉာဉ်ပင့်ဖိတ် ပူးကပ်ခြင်းနည်းတွေ သင်ပေးရမယ်ပေါ့ ငါ့တပည့်မဟုတ်မချင်း သင်မပေးနိုင်ဘူးကွာ"

ဖုန်းလီသည် လက်ဖက်ရည်ပန်းကန်မှ အကြည့်ခွာကာ

"ရတယ်လေ မလုပ်ချင်ဘူးဆိုလဲ ဝိဉာဉ်ပင့်ဖိတ် ပူးကပ်ခြင်း နည်းစနစ် တွေ ကမ္ဘာပေါ်က ပျောက်သွားအောင် စောင့်နေလိုက်တော့"

သုဘရာဇာသည် ဆွံ့အသွားပြီး ရုတ်တရက် သက်ပြင်းချလိုက်ကာ

"မင်းဘာလို့ ဒီကောင်လေးက နတ်ဘုရားပင့်ဖိတ်မေးမြန်းတာနဲ့ သင့်တော်မယ်ထင်ရတာလဲ"

"သူ့လက္ခဏာရှစ်ရပ်လုံးမှာ ယင်စွမ်းအားလုံးဝမရှိဘူး ဒါကြောင့် သူက ယင်စွမ်းအင်ကို ဆွဲဆောင်နိုင်တယ်"

ဖုန်းလီက ဆက်ပြောသည်။

"သူ့ခန္ဓာကိုယ်ထဲမှာ ယင်ယန် နှစ်ခုလုံး ရှိနေတယ် ဒါပေမဲ့ အခုထက်ထိ အဲ့နှစ်ခုကို မှန်ကန်အောင် မလည်ပတ်ရသေးဘူး သူက ဒီလောက်တောင် သင့်တော်တာ မင်းမမြင်နိုင်ဘူးလား"

သုဘရာဇာသည် အေးဆေးစွာပြောလိုက်သည်။

"ငါ့အမြင်က မင်းလောက်မကောင်းဘူးလေ ငါကမင်းတပည့်ကို အကြိမ်နည်းနည်းလောက်ပဲမြင်ဖူးတာကွာ မင်းပြောတဲ့အချက်တွေကို ငါမမြင်နိုင်သေးတာ ပုံမှန်ပါပဲ"

ကျန်းလော်သည် စိတ်မထိန်းနိုင်စွာ သုဘရာဇာကို နက်နက်နဲနဲ ကြည့်လိုက်သည်။

'အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဘိုးတော်က လုံးဝ အလိမ်အညာတွေပြည့်နေတဲ့ ချီးထုပ်ကြီးပဲ'

သူယင်ယန်လက်ကောက်ကို ဖွင့်ရန်ကြိုးစားခဲ့စဉ်က အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်က သူ့ကိုပြောဖူးသည်။

"မင်းခန္ဓာကိုယ်မှာ သေခြင်းစွမ်းအားရှိနေပေမဲ့ မင်းဝိဉာဉ်ကတော့ ရှင်သန်ခြင်းစွမ်းအင်နဲ့ပါလား ရှားပါးတဲ့ ယင်ယန်ပေါင်းစပ် ခန္ဓာပဲ"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now