Ch-1 Unicode

13.4K 589 33
                                    

အပိုင်း(၁): အရင်ဘဝ
.....

ချီမင်းဆက် ၃၃နှစ်

'ရွှန်းဒယ်တော်ဝင်နန်းတော်ခန်းမ' စာကြည့်ခန်း၏ စာကြည့်စားပွဲတွင် တောက်ပသောသောရွှေဝါရောင်နဂါးဝတ်ရုံကိုဝတ်ဆင်ထားတဲ့ သတ်လတ်ပိုင်းအရွယ်ခန့်အမျိုးသားတစ်ယောက်၏ဈာန်ဝင်စားလျက်ပုံဆွဲနေဟန်သည် အလွန်ကိုခန့်ညားနေလေ၏။

စာရွက်ပေါ်မှာ နှစ်လိုဖွယ်မျက်နှာလေးနှင့်ပိန်ပိန်သွယ်သွယ်ကိုယ်ဟန်ရှိလူငယ်လေးတစ်ဦးသည် နန်းတွင်းအမှုထမ်းဝတ်ရုံဝတ်ဆင်ထားလေသည်။ အာရုံစူးစိုက်ထားဟန်ရှိသော ပန်းချီဆွဲနေသောသူသည် ပုံတူဆွဲခြင်းအမှုကိုအဆုံးသတ်လိုက်နိုင်ပြီးသည်နှင့် ခပ်ရေးရေးပြုံးမိလေ၏။

"ယွမ်ဖူရေ ဒီကိုလာကြည့်ပါဦး ကိုယ်တော်ဆွဲထားတာကို မင်း,တူတယ်လို့ မထင်ဘူးလား?" အပါးတော်အမြဲအခစားဝင်ရတဲ့ အတိုင်ပင်ခံယွမ်ဖူကုန်းကုန်းကို ရွှမ်းရန်းဟန်ကမေးလိုက်သည်။

ယွမ်ဖူဟာအိမ်တော်ထိန်းဖြစ်ခဲ့တာ နှစ်၃၀ကျော်ရှိနေပါပြီ။ သူဟာ ဧကရာဇ်မင်းအသက်ထက်များစွာကြီးသူဖြစ်၍ မျက်ခုံးမွှေးနှစ်ခုဟာနှင်းလိုဖြူဖွေးနေပြီး သူ့မျက်နှာမှာလည်း အရေးအကြောင်းတွေနဲ့ပြည့်နေလို့နေခဲ့ပြီဖြစ်သည်။

ယွမ်ဖူသူ့စိတ်ထဲလေးပင်စွာသက်ပျင်းချရင်း
"ဧကရာဇ်,လင်းကွေ့ယန်ရဲ့အသွင်အပြင်က မသဲမကွဲဖြစ်နေပါသေးတယ်" လို့သူကပြန်ဖြေလိုက်သည်။

"ဘာလို့များပါလိမ့်" ရွှမ်းရန်ဟန်ချန်ခပ်တိုးတိုးတိုးလေးငြီးလိုက်မိသည်။ တကယ်တော့လဲသူ့မှတ်ဉာဏ်ထဲမှာ ဒီကောင်လေးရဲ့သွင်ပြင်ကိုကောင်းကောင်းမှတ်မိနေတာမျိုးမဟုတ်ပေ။

သူနက်နက်ရှိုင်းရှိုင်းတွေးမိလေမှ ကောင်လေးဟာထူးထူးခြားခြား ချစ်စရာကောင်းပြီးလှပကျယ်ဝန်းတဲ့မျက်လုံးလေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ ပါးချိုင့်လေးတစ်စုံရှိနေတယ်ဆိုတာပါပဲ။ အနှစ်၃၀ဆယ်လောက်ကြာခဲ့ပေမဲ့ အဲ့ညကထိုလူငယ်လေးရဲ့သွေးစွန်းနေတဲ့နောက်ဆုံးအပြုံးနဲ့မြင်ကွင်းကို သတိရမိလေတိုင်း သူရဲ့နှလုံးသားထဲမှာတစ်စစ်စစ်နဲ့ထိုးနှက်မှုကို ဧက္ကရာဇ်ခံစားနေရတုန်းပါပဲ။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now