Ch-35

1.8K 359 3
                                    

အခန်း-၃၅
.......
ဧကရာဇ်မင်းမြတ်အား ရွှမ်းရန်ဟန်ချန်၏ဂုဏ်ပြုသေရည်ဆက်သခြင်းအမှုပြီးတဲ့အခါမှာတော့ အခြားသောမင်းညီမင်းသားနှင့် မင်းသမီးတို့သည်လဲ သစ်သီးဝိုင်ဖြင့်ဆက်သကြ၏။အဲ့ဒီ့နောက်မှာတော့ မောင်မငယ်တို့ကလဲ ဂုဏ်ပြုသေရည်ဆက်သကြလေသည်။

ထိုသို့အုပ်စု၃ခုသည် အသီးသီးသေရည်ဆက်သကျပြီးချိန်မှာတော့ မင်းသား၂ ရွှမ်းရန်ဟန်ချီသည် သူ့ရဲ့အကိုတော် ရွှမ်းရန်ဟန်ချန်ထံသို့ရောက်လာပြီး

''အကိုတော်.... ကျတော်ဂါဝရပြုပါတယ်....'' ရွှမ်းရန်ဟန်ချန်သည် သေရည်ကိုအနည်းငယ်မော့သောက်လိုက်ပြီးနောက် ''အကိုတော် နောက်တစ်ခေါက်ကျရင် ကျတော့်ကိုခေါ်ရမယ်.....''

ရွှမ်းရန်ဟန်ချန် က ရယ်မောလိုက်ပြီး "ကောင်းပြီ...... မင်းရဲ့ကိုယ်ခံပညာကို စိတ်နှစ်ပြီးတော့,တော့အရင်လေ့လာရလိမ့်မယ်...''

ရွှမ်းရန်ဟန်ချီက သူ့ရင်ဖက်ကိုအသံထွက်သည်အထိ ကျယ်လောင်စွာပုတ်လိုက်ပြီးနောက် ''အကိုတော် စိတ်ချထားလိုက်.....ကျတော် သေချာပေါက် ကြိုးကြိုးစားစားနဲ့ကို လေ့ကျင့်ထားမယ်....''

ထို့နောက် မင်းသား၃၊မင်းသား၄နှင့်မင်း သား၅တို့သည်လဲ အိမ်ရှေ့စံမင်းသားအား လာရောက်ဂါရဝပြုကြ၏။ဒီမင်း သား၃ယောက်ထဲက အကြီးဆုံးမင်းသားသည် ၉နှစ်သာရှိသေး၏။ မင်းသားသုံးပါး၊ မင်းသားလေးပါးနှင့် မင်းသားငါးပါးတို့ကလည်း တော်ဝင်နန်းတော်သို့ ပင့်ဆောင်လာကြသည်။

သူတို့သုံးယောက်ထဲမှာအကြီးဆုံးက ကိုးနှစ်ပဲရှိသေးတယ်။ဒီမင်သားငယ်လေးတွေရဲ့မျက်လုံးထဲမှာတော့ သူဟာအလွန်ကို ကြည်ညိုလေးစားအားကျစရာ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေခဲ့လေသည်။
"ဂါရဝပြုပါတယ် အကိုတော်အိမ်ရှေ့စံမင်းသား.....''

ခမည်းတော်ဧကရာဇ်မင်း ထီးနန်းဆက်ခံပြီးနောက် မယ်တော်နှင့်မိဖုရားငယ်တို့သည် သူတို့ရဲ့သားတော်တွေအား ညီအကိုအချင်းချင်း လေးစားချစ်ခင်ရမယ်ဆိုပြီး အရိုးစွဲအောင် ငယ်စဉ်ကထဲကသင်ကြားခဲ့ကြသည်။ မင်းသားငယ်တို့သည်လဲ တစ်သွေမသိမ်းလိုက်နာကျသလို သူတို့ရဲ့တာဝန်တွေကိုလဲ ကျေပွန်စွာဆောင်ရွက်ကျလေသည်။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now