Ch-18.1 Unicode

2.8K 385 5
                                    

မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၈): ကတိပေးခြင်း(Part-1)
......

ရှုရွှမ်းရင်သည် လင်ဂျာပေါင်ကို တစ်ခုခုထပ်ပြောချင်သောကြောင့် ဂျာပေါင်အား သူနဲ့ပိုနီးကပ်အောင်ဆွဲလိုက်၏။

သို့ပေမဲ့ ဂျာပေါင်နောက်နားမှ ရုတ်တရတ်ပေါ်ထွက်လာသော အရပ်တစ်ခုကြောင့် ဝမ်းနည်းပြီးဖျော့တော့စွာဖြင့်
''အိမ်....ရှေ့.....စံ....မင်း.....သားနောက်ဆုံးတော့ ရွှမ်းရင် အိမ်ရှေ့စံမင်းသားကို ပြန်တွေ့ရပြီ...

ရွှမ်းရင်,မင်းသားကိုတွေ့ရဖို့ အများကြီးမျှော်လင့်နေခဲ့တာ....။ရွှမ်းရင်မင်းသားကိုအရမ်းသတိရတာပဲ...!'' ရှုရွှမ်းရင်သည် သူ,ခပ်တင်းတင်းဆွဲကိုင်ထားတဲ့ဂျာပေါင်ကို စောင့်တွန်းဖယ်ချလိုက်ပြီးနောက် ရွှမ်းရန်ဟန်ချန်ဆီသို့ပြေးသွားလိုက်မိလေသည်။

လင်ဂျာပေါင်သည်လဲ ရုတ်တရက်တွန်းချခံလိုက်ရတာကြောင့် ခြေလှမ်းအနည်းငယ်နောက်သို့ယိုင်သွားရ၏။ ရွှမ်းရန်ဟန်ချန်သည်လဲ ရှုရွှမ်းရင်၏ငိုသံစွက်နေသောစကားတို့အား လျစ်လျူရှုထားလိုက်ကာ သူ့ခဘေးငယ်လေး၏ ကိုယ်လုံးလေးအား အလျင်မြန်သွားဖမ်းထိန်းပြီး ပွေ့ဖက်ထားလိုက်လေသည်။

သူ့,ခလေးငယ်လေးရဲ့မျက်ဝန်းတွေကို ဖျက်ခနဲကြည့်လိုက်တာနှင့် တစ်ခုခုလွဲမှားနေပြီဆိုတာကိုရှာဖွေတွေ့လိုက် တာကြောင့် သူ့ရင်ခွင်ထဲသို့ခပ်တင်း တင်းဆွဲထည့်ထားလိုက်တော့၏။ထို့နောက်အနည်းငယ်စဉ်းစားပြီးမှ ဂျောပေါင် အား

''ခလေးလေးယွမ်ချင်းနဲ့ အရင်ပြန်လိုက်သွားလိုက်နော်..!''

သူ့ရင်ခွင်ထဲတွင် ခလေးငယ်လေးဟာခပ်တောင့်တောင့်လေးနှင့် မလှုပ်မရပ်လးရှိနေသေးတာကို ခံစားမိလိုက် တာကြောင့် ပိုတင်းကျပ်အောင်ဖက်ထားလိုက်ပြီး

''ခလေး, ပြန်လိုက်သွားလိုက်နော် ခဏပဲခဏလေးပဲ။ ကိုယ် မင်းဆီလိုက်လာခဲ့မယ်'' ဟုဂျာပေါင်၏ နားနားလေးကပ်၍ တိုးလျစွာနှစ်သိမ့်ပေးရင်းပြောလိုက်သည်။

ထိုတော့မှ လင်ဂျာပေါက်၏အမူအရာသည် အနည်းငယ် အသိဝင်လာသလိုပြီး ယွမ်ချင်းနှင့်အတူ ဖျင်အော်နန်းဆောင်သို့ ပြန်လိုက်သွားတော့၏။ရွှမ်းရန်ဟန်ချန်သည်ကား ယွမ်ဖူ တစ်ယောက်ထဲကိုသာကျန်နေခဲ့စေ၍ အခြားသူများကို အခန်းပြင်ပသို့ ဆုတ်ခွာရန်အမိန့်ပေးလိုက်လေသည်။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now