Ch-15.1 Unicode

2.3K 320 5
                                    

မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၅):ပြန်လည်ဆုံစည်းခြင်း (Part-1)
....

ဆောင်းဦးရာသီပွဲတော်နီးကပ်လာသည်နှင့်အမျှ လင်ဂျာပေါင် ၏ စိတ်ခံစားချက်သည်လဲ ပိုပိုပြီးဆိုးဝါးလာ၏။ ဂျာပေါင်၏အရိပ်ခြေကိုအမြဲတမ်းဂရုတစိုက်ကြည့်နေသည့် ရွှမ်းရန်ဟန်ချနမ်သည်ကားသူ့ခလေးဆီမှာ တစ်စုံတခုသောစိုးရိမ်ဖိဆီးမှုရှိနေကြောင်းကို သိရှိနေလေသည်။

သူ့အနေနဲ့ ဒီကောင်ငယ်လေး၏ပူပင်မှုကို ရိပ်စားမိနေပါသော်လည်း သူ့ကိုဖွင့်ဟအကူညီတောင်းခံလာစေချင်သည့်အတွက် 'တစ်ခုခုဖြစ်နေလား?၊ပူပင်စရာရှိလို့လား?' ဟုအမြဲစကားလမ်းဖွင့်မေးမြန်းနေပါသော်လည်း ထိုကောင်ငယ်လေးသည်ကား နှုတ်ဆိတ်လျက်ခေါင်းခါနေမြဲပင်။

ဒီကောင်ငယ်လေး သူ့ထံပွင့်လင်းစွာဖွင့်ဟအကူညီတောင်းခံလာဖို့ အရိပ်ကြည့်,ကြည့်ဖြင့်အမြဲစောင့်ဆိုင်းနေပါသော်လည်း သူ,ထပ်ပြီးအချိန်ဆွဲနေလို့မရတော့ပေ။ပိုပိုပြီးနွမ်းလျလာတဲ့ အကောင်ပေါက်လေးကြောင့် သူကိုယ်တိုင်သည်လဲ ဘယ်လိုမှသည်းခံပြီ းစောင့်စားနေ၍မရတော့ချေ။ ကြည့်ရတာ သူ့ရဲ့ခလေးက သူ့ကိုမယုံကြည်နိုင်သေးဘူးထင်ပါရဲ့....။

မနက်ဖြန်ဆိုရင်ပဲ ပွဲတော်နေ့ဖြစ်နေပြီ!
သူ့ရဲ့ခလေးလေးကသူ့ရဲ့မိသားစုအကြောင်းကို သူ့အားဖွင့်ပြောဖို့ လုံးဝအစီစဉ်မရှိဘူးပဲကို.......!
ရွှမ်းရန်ဟန်ချန်တစ်ယောက် လေးပင်စွာပျက်ပြင်းချရင်း...."ကလေးကိုယ်တို့ စကားပြောရအောင်..."

နေ့ခင်းဘက်တွင် ရွှမ်းရန်ဟန်ချန်သည် အစိုးရရေးရာကိစ္စများ ကိုင်တွယ်ရန်အတွက် စာကြည်ဆောင်သို့သွားရမည်ကိုတောင်မသွားနိုင်ပဲ နေခင်းတရေးတမောအိပ်နေသော ဂျာပေါင်အား ခုတင်ပေါ်မှဆွဲထူ၍ထိုင်ခိုင်းလိုက်၏။

"ကလေး! မင်းကိုယ့်ကို ပြောချင်တာရှိလား?"
လင်ဂျာပေါင်(ကျားပေါင်)က ခေါင်းငုံချထားလျက်ခပ်ဖြည်းဖြည်းခေါင်းခါလိုက်၏။

ရွှမ်းရန်ဟန်ချန်သည် သူ့ခလေးရဲ့မျက်နှာလေးကို ဆွဲမော့လိုက်ကြည့်ပြီး သူ့အားကြည့်စေ၍မေးလိုက်၏,
"ကိုယ်က ဘယ်သူလဲ!''

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now