Ch-38

1.9K 218 3
                                    

Unicode
.....
မင်းကိုချစ်မဝသေးလို့
အပိုင်း(၃၈)
.....

ချွဲမယ်မယ်ကြီးဆုံးပါးသွားပြီးတဲ့နောက်မှာ ချွဲကွေ့ဟာ ပေါ်ပေါ်ထင်ထင် အပြင်တွင်မိန်းမကိစ္စခြေရှုပ်လာခဲ့၏။ဒီလိုကိစ္စတွေရဲ့သက်သေအနေနဲ့ကတော့ လူမသိသူမသိ အပြင်တွင်ကလေးတစ်ယောက်ရှိလာခဲ့တာပါပဲ!

အဲ့ကလေးကတော့ ဝူကျိကျယ်ပေါ့။ ဝူကျိကျယ်ရဲ့အမေနာမည်က ချင်ကွမ်း။ ချင်ကွမ်းကငယ်ငယ်ရွယ်ရွယ် လှတပတလေးပေါ့လေ။ ချွဲကွေ့က သူ,ဒီလိုအပြင်မှာ အaပျာ်မယ်တစ်ဦးနဲ့ တိတ်တိတ်ပုန်းကလေးတစ်ယောက်ရှိနေပြီဆိုတာကို ချွဲအိမ်တော်အနေနဲ့ ဘယ်လိုမှလက်ခံမှာ မဟုတ်ဘူးဆိုတာကို သိနေခဲ့သည်။

အထူးသဖြင့် သူ့ရဲ့သားကြီးက ခါးခါးသီးသီးငြင်းဆန်လိမ့်မယ်။ ဒါကြောင့်ပဲ ချွဲကွေ့က မလိုလားအပ်တဲ့ပြဿနာတွေမရှိလာစေဖို့အတွက် ထိုတိတ်တိတ်ပုန်းကလေးကို ဘယ်သူမှမသိအောင်ဖွက်ထားခဲ့လေသည်။

ဝူကျိကျယ်ကိုယ်တိုင်ကလည်း ဒေါသကြီးပြီးပေါက်ကွဲလွယ်တတ်တဲ့သူမျိုးပင်။ သူ့ရဲ့မိခင်သေဆုံးပြီးချိန်မှာတော့ အတော်လေးပြောင်းလဲသွားပြီး သူ့အားနဲ့သူ ကုန်သွယ်မှုပိတ်ပင်စီမံရေးဌာနတွင် အမှုထမ်းဖြစ်လာခဲ့လေသည်။အဲ့လိုနဲ့ လီဝမ်နဲ့ဆုံတွေ့ဖို့အကြောင်းဖြစ်လာ၏။

ချွဲကွေ့သည်လဲဝူကျိကျယ်က တော်တော်လေးအဆင်ပြေပြီးလူတောသူတောတိုးနိုင်ပြီး အသုံးဝင်မဲ့သူလို့,တွေးမိလာတာကြောင့် နှစ်သက်သဘောကျကာ ချွဲအိမ်တော်ထဲသို့ဆွဲထည့်ရန် ကြိုးပမ်းတော့သည်။သူ့ကိုလဲ ကျုံးအမျိုးသမီးကြီး၏မျိုးနွယ်အောက်တွင် တရားဝင်မှတ်တမ်းတင်ထားခဲ့လေသည်။

ဤဘဝတွင်တော့ ဝူကျိကျယ်သည် ချွဲအိမ်တော်၏ဆွဲဆောင်မှုတွေကို အတိုက်ခံမလုပ်တော့ပဲ လက်ခံရန်ဆုံးဖြတ်လိုက်ပုံရလေသည်။

ချန်ထိုက်ယိသည် အလောတကြီးဖြင့် အခန်းတွင်းသို့ ခွင့်တောင်းပြီးဝင်လာလေ၏။စွတ်ပြုတ်ကိုစစ်ဆေးပြီးနောက်

''အိမ်ရှေ့စံမင်းသား ဒီစွတ်ပြုတ်မှာအနံ့ကော အရသာကောမပြတဲ့ သိပ်မပြင်းတဲ့ချွေးထုတ်ဆေးဝါးတစ်မျိုးပါ,ပါတယ် ဒါပေမဲ့ ဒီဆေးသောက်ပြီးရင်တော့ သုံးရက်သုံးညလောက် အိပ်မောကျနေမှာကို ကြောက်ရပါတယ်..''

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now