Ch-23 Uni

2.6K 350 5
                                    

မင်းကိုချစ်မဝသေးလို့
အပိုင်း(၂၃):ဆွေမျိုး
....

ကျဲမီလိနှင့်လင်တ,ကျွမ်းတို့လင်မယားသည် ဒူးထောက်ရာမှထလိုက်ကျပြီးနောက် ကုတ်ကုတ်ဖြင့်အိမ်ထဲသို့ဝင်လာကြ၏။

ထို့နောက် အိမ်ထဲတွင်လဲကျဲမီလိသည် ဒူးထောက်လိုက်ပြန်ကာ  "အစ်ကိုကြီးနဲ့အမကြီး ငါတို့လေအရင်က ပိုက်ဆံကိုပဲမြင်ပြီးတော့ အသိတရားတွေပျောက်သွားခဲ့တာပါ တောင်းပန်ပါတယ်"

"အစ်ကိုကြီး ငါမှားမှန်းသိပါပြီ။ မိသားစုစည်းကမ်းကိုချိုးဖောက်မိပါတယ်!အကိုကြီး ကျတော့်ကိုအရိုးထဲဆွဲအောင်မုန်းနေမှာပေါ့...!အကိုကြီး ကျွန့်တော့်ကျေနပ်တဲ့အထိ ပြင်းပြင်းထန်ထန်ရိုက်နှက်ပြီးဆုံးမပါ အကိုကြီး ကျေနပ်တဲ့အထိ ရိုက်ပါ....''

လင်တ,လီသည် သစ်သားချောင်းကိုရှာယူလိုက်ပြီးနောက် သူ့ခေါင်းကိုသူ့ဘာသာပဲ သူ့ခေါင်ကိုနှစ်ချက်ဆင့်ပြီး ခပ်ပြင်းပြင်းရိုက်ပစ်လိုက်၏။ထို့နောက် ထိုသစ်သားချောင်းအား လင်တ,ကျွမ်းလက်ထဲသို့ထည့်ပေးလိုက်လေသည်။

လင်တ,ကျွမ်း သည်ကား ညီဖြစ်သူရဲ့နဖူးမှသွေးများ စီးကျနေတာကို ခပ်အေးအေးသာ ကြည့်လိုက်ပြီးနောက်
သက်ပြင်းချလိုက်၏။

"ဘာလို့ ဒီလိုလုပ်ရတာလဲ?''

ကျဲမီလိက ငိုယိုပြီးရှိုက်ကြီးတငင်ပြောလေသည်။
"ချန်အာ... ချန်အာ ကျမတို့က အခက်ခဲဖြစ်နေလို့ပါ...။ချုံရှီရဲ့သတို့သမီးဖြစ်လို့အားလုံးအတွက် အထင်ုကီးစရာဖြစ်နေပေမဲ့ သိတဲ့အတိုင်း ကျမတို့မိသားစုက သူတို့အသိုင်းဝန်းမှာမဝင်ဆံ့သလို သူ့အတွက်လဲအထောက်ပံ့ကောင်းမဖြစ်ပေးနိုင်ပါဘူး.... ။ချန် အာ......ချန်အာမှာ မှီခိုအားထားပြုလို့ရတဲ့ ညီအကိုမောင်နှမ မရှိလို့ပါ...အိုး....."

''အစ်ကိုကြီး အရင်ကအချိန်တွေကိုအမြဲတွေးဖြစ်ခဲ့တယ်။အမေနဲ့အဖေက ကျတော်ငယ်ငယ်လေးထဲက ကွယ်လွန်သွားကြတော့ အကိုကြီးကပဲ ကျတော့ကိုစောင့်ရှောက်ပေးခဲ့တာ...။ အကိုကြီးကပဲ အမြဲအနစ်နာခံပေးခဲ့တယ်။ကျတော့ကြောင့် အကိုကြီးအနေနဲ့အများကြီးခံစားခဲ့ရမှာပဲ! ကျတော်ကမကောင်းဆိုးဝါးတစ်ကောင်ဆိုတာကို သိပါတယ် ဒါပေမဲ့ ကျတေယ် မရည်ရွယ်ပါဘူး.... ''လင်တ,လီ သည် မျက်ရည်တွေကျလျက် ဆို့နင့်စွာပြောလေ၏။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now