Ch-33

3.1K 348 9
                                    

Unicode
....
မင်းကိုချစ်မဝသေးလို့
အပိုင်း(၃၃): နှစ်သစ်ကူးကြိုဆိုပွဲ
...

ချွဲအိမ်တော်တွင် ချွဲယုံ၊ချွဲယုံ၏ခယ်မ ချွဲကျိကျန်း၊ချွဲကွေ့၊ချွဲဆုန်နှင့် အခြား ချွဲမိသားစုဝင်တွေသည် စုဝေး၍ခေါင်းချင်းဆိုင်နေကြ၏။ချွဲဇီချီရဲ့ သေဆုံးမှုနှင့်ပတ်သက်လို့ ချွဲမိသားစုမှ အချိန်အတော်ကြာအောင် စုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်နေခဲ့ပါသော်လည်း ဘာ သဲလွန်စမှကိုရှာမတွေ့ရှိခဲ့ချေ။

ချွဲကွေ့ကတော့ စိတ်ပျက်လက်ပျက်နှင့် စကားဝိုင်းမှထွက်သွားလေသည်။သူ့ရဲ့အကိုကြီး ချွဲယုံရဲ့အာဏာလွှမ်းမိုးမှုကလဲ နှစ်အနည်းငယ်အတွင်းမှာပင် ယိုယွင်းလာခဲ့ပြီထင်ပါရဲ့..။မယ်မယ်ကြီးမရှိတော့တာက ချွဲကွေ့တို့အတွက်အကြီးမားဆုံး,ဆုံးရှုံးမှုပါပဲ!

ချွဲယုံ က သက်ပြင်းချလိုက်ပြီး
"နောက်ရက်တွေကျရင် မိသားစုထဲက တူ,သားတွေကို တစ်နေရာရာကိုပို့ဖို့တိုက်တွန်းရတော့မယ်။တကယ်လို့ ဒီအတိုင်းသာဆက်သွားနေရင်တော့ အမြဲတမ်းစိုးရိမ်ကြောင့်ကြနေရမှာပဲ....''

"အဖေ..!ဆိုလိုတာက..." ချွဲဇီယိဆက်မပြောပဲ နှုတ်ဆိတ်၍နေ၏။

"ဇီယိ, အိမ်ရှေ့စံမင်းသားလီ ဆီကိုစာရေးတစ်စောင်ရေးလိုက်!တကယ်လို့ မြေးတော်နှစ်ယောက် လီကျန်းကိုရောက်လာရင် စောင့်ရှောက်ပေးဖို့ပြောလိုက်''

လီကျန်းဆိုတာက သူတို့ချွဲမိသားစုရဲ့ နောက်ဆုံးလွတ်မြောက်နယ်မြေဆိုလဲမမှားဘူး။ဧကရာဇ်မင်းက ချွဲအိမ်တော်ကို နှိမ်နင်းဖို့ဆိုတာက အနှေးနဲ့အမြန်ပဲဖြစ်မည်ကို လီဝမ်အနေနဲ့လဲ သိနေခဲ့ပြီးသားဖြစ်သည်။အရင်က သူတို့ကို အတိုက်အခံလုပ်ဆန်ကျင်ခဲ့တဲ့အိမ်တော်ကို ဘယ်ဧကရာဇ်မင်းကများ အသာတကြည်နဲ့သည်းခံပြီး ချမ်းသာပေးဖူးတာရှိလို့လဲ!

အခုလဲ ချွဲအိမ်တော်က ဒီလမ်းကိုလိုက်ရတော့မှာပေါ့။ဧကရာဇ်မင်းက သူ့ရဲ့ထီးနန်းကို တဖြည်းဖြည်းအခြေတည်ခိုင်မာလာအောင် တည်ဆောက်လာနိုင်တဲ့အပြင် သူ့မှာ အလွန်ကိုအရည်ချင်းပြည့်ဝလှတဲ့ ထီးမွေနန်းမွေဆက်ခံမည့်သားတော်တစ်ပါးလဲရှိနေသေးသည်။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Kde žijí příběhy. Začni objevovat