Ch-31

2.5K 347 19
                                    

Unicode
...
မင်းကိုချစ်မဝသေးလို့

အပိုင်း(၃၁):Laba (Part-2)

ကျန်းကျိဟယ်တစ်ယောက် ဘာပြောရမှန်းမသိအောင်ကိုဖြစ်နေရလေသည်။အမှန်တကယ်တော့ သူကိုယ်တိုင်သည်လဲ ဘာဖြစ်သွားလဲဆိုတာကို နားမလည်နိုင်အောင်ဖြစ်နေတာလဲပါ၏။

ဘာကြောင့်လဲဆိုတော့ သူနောက်တစ်ခေါက်နိုးလာချိန်မှာ သူ,အိပ်ပျော်သွားခဲ့တဲ့စာကြည့်ခန်းထဲကနေ ဘယ်တုန်းကမှ မထွက်သွားခဲ့သလိုမျိုး သူ့ရဲ့စာကြည့်ခန်းထဲမှာပဲပြန်နိုးလာခဲ့ခြင်းကြောင့်ပင်။
.
.
.
မျက်စိတစ်မှိတ်အတွင်းမှာပဲ ၁၂လပိုင်းရဲ့၈ရက်နေ့ကိုရောက်လို့လာ၏။ (လင်ဂျာပေါင်) ကျားပေါင်သည်လဲ ချူးယိ၏အကူညီဖြင့် Labaပွဲတော်အတွက်လိုအပ်သည်များကို ပြင်ဆင်နေခဲ့လေသည်။ကျားပေါင်တစ်ယောက် အရှေ့နန်းဆောင်မှနေ၍အမှုထမ်းများအား ယောဂုချက်ပြုတ်ပြီးဝေငှမည့်ကိစ္စအတွက် တာဝန်ပေးခြင်းခံရလေသည်။

ကျားပေါင်သည်လဲ အမိန့်ကိုပျော်ရွှင်စွာလက်ခံပြီးနောက် ချူးယိကို အရှေ့နန်းဆောင်ရှိအမှုထမ်းများနှင့်အရာရှိများ၏စာရင်းကို ကောက်ခံခိုင်းလေသည်။

(T/N:Laba festival က တရုတ်ပြည်ကိုဗုဒ္ဓဘာသာပြန့်ပွားလာပြီးတဲ့နောက် ဗုဒ္ဓရဲ့သက်တော် ၃၅နှစ်မှာ  ဉာဏ်အလင်းရတဲ့ကို ဂုဏ်ပြုပြီးကျင်းပတဲ့ပွဲတော်ပါတဲ့ မြန်မာလိုဆိုဆော့ ကဆုန်လပြည့်လိုပေါ့နော်)

ကျားပေါင် သည် Labaဂျုံယာဂုပြုလုပ်ရန် ပါဝင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးဆောင်ရွက်လေသည်။အိမ်မှာနေခဲ့ရစဉ်ကလဲ ဂျုံယောဂုချက်ပြုတ်ခဲ့ဖူးတာကြောင့် နန်းတော်ထဲမှာ အခုလို တာဝန်ယူချက်ပြုတ်ပေးရတော့လဲ သူ့အတွက်အခက်ခဲမရှိပဲ အဆင်ပြေချောမွေ့နေခဲ့၏။

ဒါပေမဲ့ အိမ်မှာချက်ပြုတ်ရတာနဲ့နန်းတော်မှာချက်ပြုတ်ရတဲ့ အမျိုးအမယ်တွေကတော့ မတူဘူးပေါ့လေ။နန်းတော်ထဲမှာလဲ ဆန်နီ၊ ကြာစေ့၊ သစ်ကြားသီး၊ သစ်အယ်သီး၊ ထင်းရှူးစေ့၊နှင်းသီး၊ပဲနီ၊ မြေပဲ စတာတွေကို အဓိကထားထည့်တယ်ဆိုပေမဲ့လဲ .... ပါဝင်ပစ္စည်း အမျိုးမယ်စုစုပေါင်းကတော့ နှစ်ဆယ်ထက်မနည်းပါရှိလေသည်။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now