Ch-14.2 Unicode

2.5K 349 4
                                    

မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၄): မိသားစု (Part-2)
.......

လင်ချန်အာသည် သူ့ကိုယ်သူဂုဏ်ယူစွာလက်ခံခဲ့သော အဖွားငယ်ဆိုတဲ့ဂုဏ်ပုဒ်နှင့်ဘဝဟာလဲ ထင်သလောက်မကောင်းဘူးဆိုသိဖို့အတွက် အချိန်သိပ်မယူခဲ့ရပေ။ သူမဝမ် မိသားစုအပေါ် ကြင်နာမှုစွာကောင်းကောင်မွန်မွန်ဆက်ဆံတာကြောင့် ဝမ်မိသားစု၏အကြီးအကဲနှစ်ဦးကလည်း သူမကို အိူမှတ်ပြုကာ ကောင်းမွန်စွာပြန်၍ ဆက်ဆံခဲ့သည်။

သို့သော်လည်း သူမ၏ခင်ပွန်းဖြစ်သူဝမ်ချွဲပေါ် သည်ကား သူမကိုအလွန်သဘောကျတဲ့ပုံစံမျိုးမရှိခဲ့ချေ။ လင်ချန်အာသည်ငယ်စဉ်ကတည်းက နုနုရွရွနေခဲ့ရသူမဟုတ်ပဲ အလုပ်လုပ်ခဲ့ရသူဖြစ်တာကြောင့် သူမ၏အသားအရေသည် နှစ်ကာလများစွာနေလောင်ထားခြင်း၏အကျိူးဆက်ကြောင့် အညိုရောင်ဘက်သန်းနေပြီး ကြမ်းလဲကြမ်းနေသည်။

ဝမ်ချွဲပေါ်ကိုယ်တိုင်ကိုက သူမရဲ့အခန်းကပျင်ရိဖို့ကောင်းသလိုစိတ်ဝင် စားဖွယ်ရာလဲမရှိဘူးဟုတွေးထင်နေတာကြောင့် သူမဆီသို့လာတာရှားပါးလေသည်။ လင်ချန်အာကစာလုံးမတတ်သူဖြစ်သည်။ ဝမ်ချွဲပေါ်သည်ကားအရည်ချင်းစစ်မေးပွဲအောင်မြင်ထားသည့်သူမဟုတ်သည့်တိုင် သူကအနုပညာကိုတော့လိုက်စားကာ အထိုက်လျောက်တော့ တတ်ကျွမ်းသူဖြစ်လေသည်။

ဒါကြောင့်နှစ်ယောက်သားတွေ့ဆုံမိရင်လဲ  စကားပြောစရာခေါင်းစဉ်မယ်မယ်ရရရှာမရနိုင်ဘဲ နှုတ်ဆိတ်၍သာနေရသည်က,များလေသည်။ ပြီးတော့ စိတ်အနှောက်အယှက်ဖြစ်စရာ အကောင်းဆုံးကတော့ဝမ်ချွဲပေါ်၏အိမ်မှာ သူ့ရဲ့ မိန်းကလေး နှစ်ယောက်ရှိနေပြီးသားဖြစ်၏။

တစ်ယောက်ကတုန်ဖန်း။ သူမကလင်ချန်အာထက် အများကြီးပိုလှပြီး နောက်တစ်ယောက်ယိရင် က သူမရဲ့ခင်ပွန်းကို အပိုင်သိမ်းပိုက်ထားနိုင်သူဖြစ်သည်။ ခင်ပွန်းဖြစ်သူ၏မျက်နှာသာပေးမှုလဲမရသလို သားသမီးလဲမရှိသည့် သူမအနေဖြင့် ကျောထောက်နောက်ခံကောင်းကောင်းပြုနိုင်မည့်  မိသားစုပါထပ်ပြီးမရှိနိုင်ဘူးဆိုပါက ခင်ပွန်းသည်နှင့်မင်္ဂလာခန်းကိုတရား ဝင်ခွင့်ရမည့်မိန်းမ ဖြစ်လာရန်မည်မျှခက်ခဲမည်ဆိုတာကို ကောင်းကောင်းသဘောပေါက်နေခဲ့၏။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Dove le storie prendono vita. Scoprilo ora