Ch-17.1 Unicode

2.7K 341 3
                                    

မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၇):စိုးထိတ်မှု (Part-1)
....

မနက်ဖြန်ယွိရှန်းဖန်သို့အတူမသွားခင် နေ့ခင်းတရေးအိပ်သွားရမည်ဟု ရွှမ်းရန်ဟန်ချန်နှင့်သဘောတူညီမှုထားခဲ့လေသည်။ယွိရှန်းဖန်မှဖက်ထုပ်များမကြာမကြာပို့ပေးပါသော်လည်း သူကတော့ ယွိရှန်းဖန်တွင်နေခဲ့ရတဲ့ နေရက်တွေကို အမြဲသတိတရရှိနေပြီး မမေ့နိုင်ဖြစ်နေခဲ့လေသည်။

နေ့ခင်းတရေးအိပ်ပြီးချိန်မှာတော့ ယွမ်ချင်းသည် ညွှန်ကြားခိက်အတိုင်း ယွိရှန်းဖန်ရှေးရှုပို့ဆောင်ပေးလေ၏။

တော်ဝင်ပင်မဆောင်၏ အပြင်ဘက်ရှုခင်းသည် လွန်ခဲ့သည့်တစ်လ,ကျော်ကာလကအတိုင်းမပြောင်းမလဲရှိနေသေးသော်လည်း သူကိုယ်တိုင်သည်ကား များစွာပြောင်သလဲမှုတွေကိုကြုံ တွေ့ခဲ့ရလေ၏။

ယွိရှန်းဖန်(ယွိဒန်ဖန်) မီးဖိုဆောင်ထဲဝင်သွားလိုက်ရုံနှင့် မွှေးရနံ့တွေကို အလွယ်တကူရလေသည်။ ဒီရင်းနှီးနေတဲ့ သင်းပျံ့ပျံ့လေထုဟာ သူ့ရဲ့ခံစားချက်တွေကို aကာင်းမွန်လာစေလေရာ သူသည်လဲ တဝကြီး lအသက်ပြင်းပြင်းရှုရှိုက်မိလေတော့၏။ထို့နောက် လင်ယန်အားရှာဖွေကြည့်မိတော့သည်။လင်ယန်ရဲ့ အရိပ်ယောင်ပင်မတွေ့ရပေမဲ့ မျက်နှာစိမ်းအခြား ၂ယောက်ကိုတော့ တွေ့လိုက်ရလေသည်။

"အန်ဇူ မင်းပဲ!ငါတို့ကိုတွေ့ဖို့ပြန်လာတာလား? ယိလင်သည် အန်ဇူကိုရုတ်တရက်မြင်လိုက်ရတာကြောင့် စိတ်လှုပ်ရှားသွားပြီး အလွန်ပျော်ရွှင်နေသောလေသံဖြင့်ပြောလိုက်၏။

"ဟုတ်တယ်! အမကိုလွမ်းလို့ အမတို့ကိုသတိရလို့တွေ့ဖို့ပြန်လာတာ...! မင်းကိုတွေ့ဖို့ပြန်လာတာ! လင်ယန်ကော ဘယ်သွားနေတာလဲ?သူတို့ကအခန်းသစ်မှာနေကြတာလား?" လင်ကျားပေါင်က ယိလင်ကိုတွေ့လိုက်ရတော့ အရမ်းပျော်သွားပြီး မေးလိုက်၏။

"အမ်း....! မင်းကအရမ်းလှလာတော့ မင်းကို ငါမမှတ်မိတောင်မမှတ်မိချင်တော့ဘူး။ အိမ်ရှေ့စံမင်းသားကလဲ မင်းကို စွဲလန်းနေတယ်လို့ ငါကြားတယ်" ယိလင်ဟာပြုံးပြုံးလေးပြောလိုက်ပြီးနောက်

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now