Ch-46

969 115 0
                                    

Unicode
...
မင်းကိုချစ်မဝသေးလို့
အပိုင်း၂၇:စိတ်လှုပ်ရှား၊ကြည်နူးဖွယ်ကောင်းသော (Part-2)
.....

မိဖုရားကြီးသည်ကြောက်လန့်နေဟန်ရှိသည့် လင်အန်ဇူကို ကြည့်ကာ နှစ်သိမ့်ပေး၏။

''မကြောက်ပါနဲ့ ခဏနေကိုယ်ရံတော်တပ်ဖွဲ့တွေရောက်လာတာနဲ့ အခြေနေကိုထိန်းချုပ်နိုင်သွားလိမ့်မယ် အခုတော့ ကိုယ်ယောင်ဖျောက်ဖို့အတွက် ချင်နန်းဆောင်ကိုသွားကြတာပေါ့...''

မိဖုရားကြီးသည် ရှေးနှစ်တွေတုန်းကဖြစ်ပေါ်ခဲ့သည့် ပြင်းထန်သော ရာဇပလ္လင်တိုက်ပွဲများကို တွေ့ကြုံခဲ့ရသူပီပီ ရွှေနန်းတော်၏ကောင်းခြင်းဆိုးခြင်း အရာအားလုံးကို သူမသိ,မြင်ခဲ့ရလေသည်။လင်အန်ဇူကတော့ ငယ်ရွယ်သူလဲဖြစ်သလို အတွေ့ကြုံလဲမရှိတာကြောင့် ကြောက်လန့်နေမည်ကိုတွေးကြည့်နေရာပင် မလိုချေ...။ဒါကြောင့်ပဲ နှစ်သိမ့်စကားဆိုလိုက်ခြင်းဖြစ်လေသည်။

''မကြောက်ပါဘူး မယ်မယ်ကြီး...''ဂျာပေါင်သည် လင်းကျားပေါင်က လက်သီးကိုကျစ်ကျစ်ဆုတ်ရင်းပြန်ဖြေလိုက်၏။

မိဖုရားကြီးသည်ဂျာပေါင်၏ အတော်လေးအားတင်းပြီးပြန်ဖြေတဲ့ပုံစံလေးကို သဘောကျနေခဲ့၏။ သို့ပေမဲ့ဒီကလေး ငို,မေနလို့ တော်ပါသေးရဲ့..!ဟုသာ တွေးမိလေသည်။

မိဖုရားကြီး နှင့်ဂျာပေါင်တို့သည် အစောင့်များခြံရံလျက် နန်းဆောင်၏အနောက်ဖက် တံခါးပေါက်မှ အပြင်သို့ ခပ်မြန်မြန်ထွက်ခွာကြလေသည်။

နန်းဆောင်အရှေ့မှ အစောင့်တပ်သားတွေသည်လဲ အလုံးနဲ့အရင်းနဲ့တိုးဝင်လာတဲ့ ဓားပြအုပ်စုကိုတားထားဖို့ရာ တဖြည်းဖြည်းခက်ခဲ၍နေ၏။အခြေနေတွေက လုံးဝကိုရှုပ်ထွေးပြီးပရမ်းပတာကိုဖြစ်နေတော့သည်။

အဲ့ဒီ့အရှုပ်ထွေးကြားထဲကနေ ချွဲဆုန်သည် ဧကရီမယ်မယ်ကြီးကို လှမ်းမြင်လိုက်တာကြောင့် အသံကုန်ခြစ်အော်တော့သည်။''ဧကရီမယ်မယ်ကြီးကို မိအောင်ဖမ်းကြ!ဖမ်းနိုင်တဲ့သူကို ရွှေစ ၁၂,၀၀၀ ချီးမြှင့်မယ်လို့ ဝမ်ရယ်ကပြောတယ်''

ဒီစကားကိုကြားသည်နှင့် သူခိုး၊ဓားပြအုပ်စုသည်လဲ အားအင်များတက်ကြွလာကာ အပြေးအလွှား နန်းဆောင်ကိုရောက်လာပြီး အစောင့်တပ်သားများကိုတိုက်ခိုက်ကြတော့သည်။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now