Ch-22 Uni

2.9K 354 6
                                    

အခန်း-၂၂
.......

နောက်တစ်နေ့တွင် လင်ချန်အာသည်သူမရဲ့မိဘတွေ အိမ်သို့ပြန်သွားခဲ့လေသည်။လွန်ခဲ့သည့် ၂နှစ်အတွင်းမှာလဲ လင်,တလီတို့တော်ကာကျမည်ကိုသိနေခဲ့လေသည်လင်မယားသည် အကိုဖြစ်သူမိသားစုနှင့်ကော ရွာကလူတွေနှင့်ကော အဆင်မပြေခဲ့ကြပေ။

ရွာသားတွေက သူတို့မိသားစုကိုသိပ်ပြီး ဂရုတစိုက်မရှိကြတာကို လင်တ,လီက တော့ သူတို့မိသားစုကောင်းစားတာကိုမနာလိုကျလို့ပဲဟုတွေးထင်၍ ရွာသားတွေအားပိုပြီးနှိမ့်ချစွာဆက်ဆံခဲ့လေသည်။

နောက်တစ်နှစ်အကြာမှာတော့ လင်တ,လီတို့မိသားစုဟာ ရွာတွင်နေထိုင်ရတာ ပိုပိုပြီးအထီးကျန်လာတာကြောင့် ပိုင်မြို့တွင် ရွေ့ပြောင်းနေထိုင်ကြတော့သည်။ထို့နောက်ဆိုင်သေးလေးကိုဖွင့်ထားလေရာ သူ့ဟာနဲ့သူလည်ပတ်နေနိုင်တာကြောင့် စီးပွားရေးကတော့ သိပ်မဆိုးဘူးဟုဆိုနိုင်သည်။

"ဘာလို့ပြန်လာတာလဲ ချန်အာ" လင်ချန်အာ အိမ်ပြန်လာချိန်တွင် လင်တ,လီသည် ပစ္စည်းများကို လိုက်ပို့ပေးရန်ပြင် ဆင်နေချိန်ဖြစ်သည်။ကျဲမီလိကတော့ ဆိုင်ကအလုပ်သမားကို ပစ္စည်းများနေရာချရန်အတွက်  စီစဉ်ညွှန်ကြားနေတာဖြစ်၏။

ကျဲမီလိ၏ဒုတိယသမီးလင်ရှန်အာ သည်လဲ ဆိုင်တွင်ရှိနေခဲ့လေသည်။လင်ရှန်အာသည် အမဖြစ်သူကို တွေ့သည်
နှင့် လက်ဖက်ရည်အမြန်ငှဲ့၍ လောကွတ်ပြု၏။
''အမ လက်ဖက်ရည်သောက်ပါဦး။ အမ ဒီနေ့ဝတ်ထားတဲ့အဝတ်အစားတွေက အရမ်းလှတာပဲ။ အမ အရမ်းကြည့်ကောင်းနေတယ်!''

လင်ရှန်အာ သည် ကျဲမီလိနှင့်တူတာကြောင့် နှုတ်လေးကလဲချိုသလို ရုပ်လေးကလဲလှ၏။လင်ရှန်အာ၏ငယ်ဘဝကတော့ လင်ချန်အာနှင့်မတူပဲ အတော်လေဖြောင့်ဖြူးခဲ့သလို လှလှပပလေးကြီးပြင်းလာခဲ့ရတာဖြစ်သည်။

လင်ချန်အာသည်လဲ ညီမဖြစ်သူ၏မနာလိုအားကျစွာဖြင့် ချီးမွမ်းနေရတာကို သိတာကြောင့်ကျေနပ်နေတော့သည်။ ရှန်အာ နေခဲ့ရတဲ့ဘဝက သူမထက်စာရင်အများကြီးပိုကောင်းတယ်။

"ငါ ဒီဝတ်စုံကိုနောက် ထပ်နည်းနည်းဝတ်လိုက်ဦးမယ် နောက်တစ်ခေါက်လာရင် နည်းနည်းပါးပါးပြင်လာခဲ့ပေးမယ်။ အဲ့တော့မှယူလိုက် ဟုတ်ပြီလား...!''

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now