Ch-43

1.4K 162 8
                                    

Unicode
...
အပိုင်း-၄၃
.....

"အကိုတော် ကျတော်တို့ဘာလိုလုပ်ကြမလဲ?မယ်တော်က...."

ရွှမ်းရန်ဟန်ချီသည် သူ့အစ်ကို့ကို အလောတကြီးမေးမိလေသည်။သူတကယ်ကိုပဲ သူ့မယ်တော်ရဲ့လုံခြုံရေးကိုစိတ်ပူနေခဲ့လေသည်။

"သူတို့ကိုခြေရာခံဖို့ လူတစ်ချို့လွှတ်လိုက်မယ် သဲလွန်စတော့ကျန်ခဲ့ဦးမှာပါ...။သူတို့တွေ့ဖို့ချိန်းထားတဲ့ နေရာကိုအရင်ဦးဆုံးသွားဖို့က သေချာသလောက်ရှိတယ်။ စိုးရိမ်ပြီး အရမ်းပြာယာခတ်မ​ေန​နဲ့!သေချာအောင် အရင်စစ်ဆေးကြည့်ကြတာပေါ့!''

ရွှမ်းရန်ဟန်ချန်သည် သူ့ရဲ့ညီငယ်အား တစ်ဆက်တည်း
''ခမည်းတော်ကို အကြောင်းကြားဖို့ လူတစ်ယောက်လွှတ်လိုက်... ပြီးတော့ခမည်းတော်ကို စစ်တပ်ပါခေါ်ပြီး လိုက်လာခဲ့ဖို့ပြောလိုက် သူတို့ချိန်းထားတဲ့နေရာကိုရှာတွေ့တဲ့အခါ တစ်ခါထဲ ဝိုင်းထားလို့ရအောင်နားလည်ရဲ့လား.....''

''ဟုတ်ကဲ့ ကျတော်နားလည်ပါပြီ!သူ့ကို ခွင့်မလွှတ်ဘူး။ မယ်တော်တစ်ခုခုဖြစ်လို့ကတော့ သူ့ကိုကျတော့်လက်နဲ့ ရအောင်သတ်မယ်....''ရွှမ်းရန်ဟန်ချီကတော့ အပီအပြင်ကိုဒေါသထွက်နေတော့သည်။

ရွှမ်းရန်ဟန်ချန်သည် အစောင့်တချို့ကို အမြင့်ဆုံးသစ်ပင်ထိပ်ပေါ်တက်စေပြီး ဘေဂျင်းဘက်ဆီသို့ လှမ်းမျှော်ကြည့်စေ၏။

''အိမ်ရှေ့စံမင်းသား နန်းမြို့နေရာလောက်မှာ မီးခိုးလုံးတက်လာတာကိုတွေ့ရပါတယ်....!''

ရွှမ်းရန်ဟန်ချန်တစ်ယောက် ဒီစကားကိုကြားပြီးချိန်မှာတော့ သူ့စိတ်ထဲတွင်ကြီးစိုးသွားသည်က သူ့ရဲ့ခလေးငယ်လေး......။

ရွှမ်းရန်ဟန်ချန် သည် ပူပင်နေတဲ့စိတ်နဲ့အတူ
"ဒီကလူတစ်ဝက်က ငါကိုယ်တော်နဲ့အတူ ဘေဂျင်းကိုအရင်ပြန်နှင့်မယ်! လီဝမ်ရဲ့စကားတွေကမှန်ချင်မှမှန်မယ်....။ နန်းတော်ထဲမှာ အစောင့်တပ်သားတွေ အများကြီးကျန်ရှိနေသေးတယ် သူတို့လြယ္လြယ္ကူကူ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ အခြေနေသိရအောင် အရင်ပြန်သွားကြည့်ကြတာပေါ့!''

ရွှမ်းရန်ဟန်ချန်သည် သူ့ညီငယ်အား
"လီဝမ် ပြောခဲ့တဲ့ နာရီဝက်ကြာရင်ဆိုတဲ့စကားက သူတို့ချိန်းထားကြတဲ့နေရာက သိပ်မဝေးဘူးလို့ဆိုလိုတာပဲ။ ဒါကြောင့် ပေကျင်းမြို့ရဲ့ဆင်ခြေဖုံးတွေကို ရှာလိုက်ရင်ရပြီ။ မယ်တော် ဘေးကင်းကင်းနဲ့ရှိနေတယ်ဆိုရင် မင်းကိုအချက်ပြလိုက်မယ် ဟုတ်ပြီလား!''

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Donde viven las historias. Descúbrelo ahora