Ch-39

1.3K 177 3
                                    

Unicode
...
အခန်း-၃၉
.......
"ဧကရာဇ်မင်းနှင့် မင်းသားငယ်က အဆင်သင့်မဖြစ်သေးလို့ ဒီမိုးနတ်မင်းယဇ်ပူဇော်ပသပွဲကို မင်းသားကြီးဖြစ်တဲ့ငါကိုယ်တော်ကပဲ ဦးစီးပြီးဆောင်ရွက်တော်မူမယ်'' လီဝမ်သည် ကြိတ်ကြိတ်ဖြင့်ဆွေးနွေးနေကျသည့်မူးမတ်တွေကိုကြည့်ပြီး ခပ်ကျယ်ကျယ်ပြောလိုက်သည်။

ဝန်ကြီးချုပ်ရှစ်ချောင်ချင်း သည် လီဝမ် ကို
''မိုးနတ်မင်းယဇ်ပူဇော်ပသတဲ့ပွဲက ကြီးကျယ်လေးမြတ်တဲ့ အခမ်းအနားဖြစ်တာကြောင့် ဧကရာဇ်မင်းမြတ်အနေနဲ့ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ပျက်ကွယ်မှာမဟုတ်ပါဘူး။ပြီးတော့ လီဝမ်အနေနဲ့နဲ့လဲ ယဇ်ပူဇော်သင့်တဲ့ ဧကရာဇ်တစ်ပါးရဲ့အဆင့်တန်းမျိုးရှိမနေပါဘူး။''

ရှစ်ချောင်ချင်းသည် သက်တော်ရှည် နိုင်ငံ့ဝန်ထမ်းအကြီးအကဲဖြစ်သည်။ သူသည်မင်းဆက်နှစ်ဆက်ကို ဖြတ်သန်းဖူးသော အမှုထမ်းလဲဖြစ်ပြန်လေသည်။ ကိစ္စများစွာကိုကြုံတွေ့ခဲ့ရသည် သက်တမ်းရှည်အမှုထမ်းတစ်ယောက်အနေဖြင့် သူသည် နန်းကျမင်းသားလီ ပြောသည့် စကားကိုမယုံပေ။

ဒါကြောင့် အကြီးကဲဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ပြောသင့်သည့်စကားကိုပြောလိုက်လေရာ မူးမတ်ငယ်တို့ကလဲ ဝိုင်းဝန်းသဘောတူထောက်ခံကြတော့ သည်။

"ဧကရာဇ်မင်းက နေမကောင်းဖြစ်နေလို့ သူ့ရဲ့စိတ်ဝိညာဉ်ကမသန့်စင်ဘူး။ ဒါကြောင့်ဧကရာဇ်မင်းအနေနဲ့ ယဇ်ပူဇော်ပွဲကို ဦးစီးဦးဆောင်ပြုလို့မရနိုင်ဘူး။ ကောင်းကင်ဘုံက နတ်မင်းတွေကိုပူဇော်ပသရမယ့် မင်္ဂလာတော်အချိန်နီးလာပြီ နှောင်နှေးလို့မရဘူး။'' လီဝမ်သည် ရှစ်ချောင်ချင်း ၏ စကားကို လျစ်လျူရှုပြီး မိုးနတ်မင်းပူဇော်ပသမည့်  ရိုးရာဓလေ့ထုံးတမ်းကို ဆက် လက်လုပ်ဆောင်ဖို့ကိုသာ လောကြီးစွာဖြင့်ပြောလေသည်။

"ဧကရာဇ်မင်းမြတ် ဦးစီးဦးဆောင်ပြီးမလုပ်နိုင်ဘူးဆိုရင်တော့ ဒီ,လိုအပ်ချက်ကိုဖြည့်စီးနိုင်တာက ထီးနန်းအရိုက်ရာကိုဆက်ခံမယ့် အိမ်ရှေ့စံမင်းသားပါ။ မင်းသားလီ အနေနဲ့ ဒီအရည်အချင်းမျိုးမပြည့်မှီမှာကို စိုးကြောက်မိပါတယ်''  ရှစ်ချောင်ချင်းသည် ပညာရှိပီသစွာခပ်အေးအေးထောက်ပြ တုန့်ပြန်လေသည်။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now