Ch10🚨🚨🚨Uni

5.9K 406 4
                                    

18+Warning🚨🚨🚨🚨

....
အပိုင်း(၁၀): အနီရောင်ဖယောင်းတိုင်

နောက်တစ်နေ့မနက်မှာလင်ယန်ဟာ အထိန်းတော်၂ယောက်လာရောက်ခေါ်ဆောင်ခြင်းကို အန်ဇူအားအသင့်စောင့်စားနေစေ၏။

လင်ယန်ထက်အသက်ပိုကြီးတဲ့ထိုအထိန်းတော်ရဲ့နှစ်ဦးဟာ လင်ဂျာပေါင်ကိုတွေ့သည်နှင့် အရိုသေပေးနှုတ်ဆက်၏။ ''တွေ့ရတာဝမ်းသာပါတယ် လင်အန်ဇူ''

အထိန်းတော်ထဲကတစ်ယောက်က

''လင်အန်ဇူ ကျွန်တော်မျိုးတို့လာရခြင်းအကြောင်းက  သင့်ကိုလိုအပ်သည့်ကျင့်ဝတ်များ သင်ကြားပြသပေးရမည်ဟူသော ဧကရီမိဖုရားကြီး၏အမိန့်ကြောင့် လာရောက်ခေါ်ဆောင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်မျိုးနာမည်ကစုရှီပါ သူကတော့
ချီယီပါ''

အခုမှစတွေ့ဖူးတာဖြစ်ကြောင့် လင်ဂျာပေါင်ဟာဘာပြောရမှန်းမသိဖြစ်နေ၏။'' တွေ့ရတာဝမ်းသာပါတယ် စုရှီနဲ့ချီယီ''

''အိုး စုရှီနဲ့ချီယီ ဒီရောက်နေတာပဲ'' လင်ယန်က ထိုအထိန်းတော်နှစ်ယောက်လုံးကို သိတာကြောင့် လာရောက်နှုတ်ဆက်ပြီး စကားလာပြောပေးသည်။

''မတွေ့တာတောင်ကြပြီနော်လင်ယန် ဒါပေမဲ့နင်ကအရင်လိုကြောက်ဖို့ကောင်းနေတုန်းပဲ။အခုဆိုနင်က နန်းတော်ရဲ့မျက်ကွယ်မပြုဝံ့တဲ့ နာမည်ကြီးအမှုထမ်းတွေထဲက တစ်ယောက်တောင်ဖြစ်နေပြီဆိုတော့ ပိုတောင်ကြောက်ဖို့ကောင်းလာသေး''

လင်ယန်ဟာရယ်မောရင်း
'' ဒီကလေးရဲ့အနာဂတ်က အရမ်းကိုတောက်ပနေတာဆိုပေမဲ့ သူကအရမ်းငယ်သေးတယ်လေ။ ဒါကြောင့်ဒီကနှစ်ယောက်ကို စောင့်ရှောက်ဖို့ဒုက္ခပေးရတော့မှာပဲ။ အန်ဇူကိုသေချာချာအပင်ပန်းခံပြီး အများကြီးဂရုစိုက်ပေးပါဦး''

စုရှီနဲ့ချီယီဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် လင်ယန်အားပြုံးပြလိုက်၏။သူတို့ သေသေချာချာသိတာပေါ့ ဒီလင်အန်ဇူဆိုတဲ့ကောင်ငယ်လေးဟာ သာမာန်ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ဘူးဆိုကို!

မနေ့ကပဲအိမ်ရှေ့စံက လူတစ်ယောက်လွှတ်ပြီးသူတို့ကိုထပ်ခါ ထပ်ခါသေချာဂရုစိုက်ဖို့မှာကြားနေခဲ့တာလေ။တကယ်လို့ တစ်ခုခုလွဲမှားသွားခဲ့ရင် နန်းတွင်းမှာအချိန်ကြာကြီးနေခဲ့စဉ်တစ်လျှောက် အဆိုးဝါးဆုံးပစ်ဒဏ်ကိုခံရင်ခံရနိုင်တယ်ဆိုတာ အသေချာကြီး ! ဒါကိုသိနေရဲ့သားနဲ့ ဘယ်လိုလုပ်ပြီး သူတို့ဒီကောင်ငယ်လေးကို ဂရုမစိုက်ပဲနေရဲမှာတုန်း။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now