Ch-29

2.5K 386 12
                                    

Unicode
.....

မင်းကိုချစ်မဝသေးလို့
အပိုင်း(၂၉)(ယောဂု)

ချွဲကွေ့တို့မိသားစုကတော့ ဝမ်းနည်းပူဆွေးလျက် ဖြည်မဆည်နိုင်ဖြစ်ကာ သောကရောက်နေကျလေသည်။သူတို့အဖြစ်ကိုလဲတွေးကြည့်ပါဦး မနက်ခင်းတုန်းကမှအိမ်ကနေအကောင်းကြီးထွက်သွားတဲ့လူက ညနေကျတော့အေးစက် စက်ခန္ဓာကိုယ်သာ အိမ်ပြန်ရောက်လာတာတဲ့လေ....။

ချွဲကွေ့သည်လဲစိတ်ထိခိုက်လွန်းလို့ ကောင်းကောင်းတောင်မတ်တပ်မရပ်နိုင်တော့ပဲ ထိုင်ခုံပေါ်သို့ခြေပစ်လက်ပစ်ထိုင်ချမိလေသည်။ ''ဘယ်လိုဖြစ်တာတဲ့လဲ?''

ချွဲကွေ့လွှတ်လိုက်တဲ့ မိသားစုရဲ့ယုံကြည်ရတဲ့လူယုံတချို့ အိမ်သို့ပြန်ရောက်လာပြီးနောက် တုန်တုန်ယင်ယင်ဖြင့်ပြန်ပြော၏။"ဒီနေ့ကသခင်လေးနဲ့ ကျန်းယင်ရှင်းတို့ ယိဟုန်းလုံမှာ ညစာစားအရက်သောက်ကြပါတယ်။အဲ့ဒါပြီးတော့ သူတို့နှစ်ယောက် လမ်းအတိုင်းပြန်လာခဲ့ကြပါတယ်။အဲ့ဒီမှာပဲ သခင်ငယ်လေးက ဘယ်လိုဖြစ်တယ်မသိဘူးရုတ်တရတ်မြင်းပေါ်ကနေပြုတ်ကျပါတယ်တဲ့ အဲ့ဒီ့မှာအပြေးလွှားသွားကြည့်လိုက်တော့ သခင်ငယ်လေးကဇာတ်ကျိုးနေပါပြီတဲ့။ခဏဆန့်ငင်ဆန့်ငင်ဖြစ်ပြီးမှ အသက်ထွက်သွားတယ်လို့ပြောပါတယ်''

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?ဇီချီက အရက်သောက်ထားရင်တောင် မြင်းကောင်းကောင်းစီးနိုင်တာကို.....''ချွဲကွေ့ကတော့သူ့သားကို တစ်ယောက်ယောက် လုပ် ကြံနေလိုက်ပြီလို့ပဲ တွေးနေခဲ့တဲ့အလျောက်
''ငါ့ကို အသေးစိတ်စုံစမ်းပေးစမ်း! သေချာအောင်ထပ်ပြီးစစ်ဆေးကြည့်လိုက်...''

ချွဲဇီချီရဲ့အမေဖြစ်သူသည်လဲ သားဖြစ်သူရဲ့သတင်းဆိုးကိုကြားပြီးနောက် မယုံနိုင်အောင်ဖြစ်ခဲ့လေသည်။
"ငါ့သား... ငါ့သား... မင်းကဘာလို့ဖြစ်ပြီးတော့ ငါတို့ထက်အရင်ထွက်သွားရတာလဲ!"

"ဝူး....ဝူး... သခင်ကြီး၊ကျွန်မတို့ရဲ့သားလေး ဇီချီကို ရှင်ကောင်းကောင်း ကာကွယ်စောင့်ရှောက်ပေးရမှာပေါ့ အခုတော့ဘယ်လိုဖြစ်ရမှာလဲ...!အကောင်းတိုင်ထွက်သွားတဲ့ကလေးက ဇတ်ကျိုးပြီးအိမ်ပြန်ရောက်လာတယ်တဲ့လား....''

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now