Ch-5 Unicode

2.9K 320 11
                                    

အပိုင်း(၅): နန်းတော်ထဲသို့ရောက်ရှိခြင်း
.....

မြင်းရထားလုံးသည် အိမ်ရဲ့အဝေးကိုခရီးနှင်နေသလို ပိုင်မြို့ကနေလဲတကျီကျီအော်မြည်လျက်ထွက်ခွာနေပါပြီ။

ထိုအဖွဲ့သည် တခြားမြို့မှလာရောက်ပူးပေါင်းမယ့်အဖွဲ့များကို စောင့်ရန်အတွက် ချီရှုံတွင်တစ်ရက်တည်းခိုလေသည်။လာရောက်ပူးပေါင်းသည့်အဖွဲ့များစုံပြီးသည့်အခါ မြင်းရထားလုံး ၁၀စီးအထိဖြစ်သွားတော့သည်။

မူလလူဦးရေ၁၀ယောက်သာပါသော မြင်းလှည်းတို့သည် ယခုအခုအယောက် ၂၀တင်ဆောင်ထားရ၏။အဆိုပါမြင်းရထားလုံးတို့သည် ကွမ်ချာမှဘေဂျင်းတို့ဦးတည်လျက်ထွက်ခွာလာသည်။

တစ်စီး,စီတွင် အထိန်းတော်တစ်ယောက်ပါပြီး လင်ဂျာပေါင်တို့မြင်းရထားတွင်လဲ အသက်၃၅နှစ်အရွယ် ကျောက်အမျိုးသားတစ်ယောက်ပါလေ၏။ထိုကျော်ကအမျိုးသားသည် အရပ်ခပ်ပျက်ပျက်နှင့်မပိန်မပါးသောကိုယ်ထည်ရှိကာ အနည်းငယ်ခက်ထန်ပုံပေါ်တာကြောင့် အားလုံးကသူ့ကိုကြောက်ကြလေသည်။

လာခဲ့သောနေရာတူတဲ့သူတွေကို မြင်းရထားတစ်စီးစုပေးထားခြင်းကြောင့် အချိန်ကြာလာတာနဲ့အမျှ ခလေးတွေဟာ တဖြည်းဖြည်းရင်းနှီးလာကြသည်။ထိုအုပ်စုထဲတွင် လင်ဂျာပေါင်သည် ပိုင်စီရင်စုအုပ်စုမှ တစ်ဦးထဲခွဲထွက်လာရတာကြောင့် တခြားခလေးတွေနှင့် ရင်းနှီးဖို့ရန်အနည်းငယ်ခက်ခဲနေ၏။ဂျာပေါင်ရဲ့ သင်းကွဲနေမှုကို ကျောက်ကုန်းကုန်းသတိထားမိသည့်အခါ သူ့ရဲ့တာဝန်အတိုင်း ဂျာပေါင်အားဂရုစိုက်ပေးလေသည်။

လဝက်မျှခရီးနှင်ပြီးသည့်နောက်မှာတော့ ဘေဂျင်းသို့ရောက်ရှိလာ၏။ကြီးကျယ်ခမ်းနားပြီးကျယ်ဝန်း သောနေရာတစ်ခုတွင် မြင်းလှည်းအားလုံးသည် အတူရပ်နားလိုက်သည်။

''ကိုယ့်အထုတ်ကိုယ်ယူပြီး မြင်းရထားထဲကနေထွက်ကြ!စကားမပြောနဲ့ ဘယ်ကိုမှလဲမကြည့်နဲ့ ငါ့နောက်ကိုပဲလိုက်ခဲ့ကြ!''ကျောက်ကုန်းကုန်းသည် ရှေ့မှဦးဆောင်၍ ထွက်သွားလေ၏။

အားလုံးသည်စကားလဲမပြောဝံ့သလို ဘယ်မှလဲမကြည့်ရဲ့ပဲ ကျောက်ကုန်းကုန်းခေါ်ဆောင်ရာ နားနေရာ,နေရာသို့ လိုက်ပါလာကြသည်။အခန်းကျယ်ထဲတွင် ရေအိုးအနည်းငယ်ရှိပြီး  သူ့တို့အားလက်ဆေးခိုင်းလေ၏။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now