Ch-27

2.7K 398 5
                                    

Unicode

မင်းကိုချစ်မဝသေးလို့
အပိုင်း(၂၇)
.....
ရွှမ်းရန်ဟန်ချန်အနေနဲ့ကတော့ သူ့ရဲ့ခလေးလေးဂျာပေါင်တစ်ယောက်ကိုသာ အရိပ်တကြည့်ကြည့်နဲ့ပဲကြည့်နေပြီး ကာကွယ်စောင့်ရှောက်ပေးချင်ပါတော့သည်။သူ့အနေနဲ့ ယခင်ဘဝတွင်ကော ယခုလက်ရှိဘဝတွင်ကော မပြောင်းလဲတဲ့ ဒီအမျိုးသမီးတွေရဲ့မျက်နှာအစစ်မှန်ကို ရှာဖွေသိရှိထားခဲ့ပြီဖြစ်လေသည်။ဒါပေမဲ့ ကံကောင်းထောက်မစွာဖြင့် ယခုဘဝတွင်တော့ ခလေးငယ်ကို သူအနားခေါ်ထားနိုင်ခဲ့ပါပြီ...။

"မှန်လှပါ"  ယုချင်းသည် အိမ်ရှေ့စံမင်းသား၏ ခပ်မာမာစကားသံကိုကြားပြီးတဲ့နောက်မှာတော့ ဘာမှဆက်မပြောဝံ့တော့ချေ။

အဲ့ဒီ့နောက်မှာတော့ ရွှမ်းရန်ဟန်ချန်သည်ဂျာပေါင်ကို မြင်းရထားပေါ်တက်ရန်ကူညီလိုက်ပြီးနောက် သူကိုယ်တိုင်သည်လဲ မြင်းရထားပေါ်သို့တက်လိုက်လေသည်။သခင်၂ပါးမြင်းလှည်းပေါ်ရောက်သွားတာကြောင့် ယွမ်ဖူနှင့်ယွမ်းချင်းသည်လဲ မြင်ူလှည်းကိုခပ်သော့သော့ စပြီးမောင်းနှင်တော့၏။

ထိုမြင်းလှည်းနောက်တွင် အစောင့်၄ယောက်သည်လည်းလိုက်သွားကြ၏။ထိုအုပ်စုသည် သူမအားတစ်ချက်ပင်ဆွေမကြည့်ကြပဲ ခပ်တည်တည်ဖြင့်ထွက်သွားကြလေရာ ကျန်ရစ်နေခဲ့သော ယုချင်းသည် ထိုတရွေ့ရွေ့သွားနေသော မြင်းလှည်းအား ဒေါသတကြီးရပ်ကြည့်နေခဲ့လေသည်။

မြင်းလှည်းအတွင်းတွင်တော့...ကျားပေါင် သည် ရွှမ်းရန်ဟန်ချန်၏ပခုံးပေါ်သို့ ခပ်ဖြည်းဖြည်းမှီချလိုက်မိလေသည်။
''အိမ်ရှေ့စံမင်းသား ဂျာပေါင်အရှင့်သားရဲ့ကိုယ်လုပ်တော်တွေအကုန်လုံးကိုတွေ့ကြည့်ရမလား?''

"နောက်ထပ်၂ယောက်ပဲရှိသေးတယ်..ခလေးလေး တကယ်လို့ မင်းတွေ့ချင်တယ်ဆိုရင်တော့ ကိုယ်စီစဉ်ခိုင်းလိုက်မယ်....။ဒါပေမဲ့ ခလေးမင်းသေချာမှတ်ထားရမယ် သူတို့အကုန် လုံး ကိုယ်တို့နှစ်ယောက်ကြားကိုဝင်နိုင်မှာမဟုတ်ဘူး။ပြီးတော့ဘယ်သူမှ ကိုယ်တို့ရဲ့ဆက်ဆံရေးကိုပျက်ယွင်းသွားအောင် မလုပ်နိုင်ဘူး... ဟုတ်ပြီလား...'' ရွှမ်းရန်ဟန်ချန်သည်ကျားပေါင်ရဲ့လက်ကလေးကို ဆုတ်ကိုင်ရင်း ပြောလိုက်၏။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now