Ch-42

1K 120 0
                                    

Unicode
.....
မင်းကိုချစ်မဝသေးလို့
...

တစ်နေ့နဲ့တစ်ညလုံးမှာ ခေတ္တမျှသာရပ်နားကြပြီး အပြင်းအထန်ခရီးနှင်လာခဲ့ကြတာဖြစ်သည်။ ရွှမ်းရန်ဟန်ချန်သည် စစ်မြင်းတစ်ကောင်ကို သတ်ပစ်ဖို့အမိန့်ပေးလိုက်ပြီးနောက် သူတို့ရဲ့ခွန် အားတွေကိုဖြည့်စေရန်အတွက် ထိုလက်ဆက်သော စစ်မြင်း၏သွေးကိုသောက်သုံးစေခဲ့၏။

ရွှမ်းရန်ဟန်ချီကတော့ သူ့ရဲ့အကိုကြီးကို ပိုပိုပြီးသဘောကျအထင်ကြီးလို့လာလေသည်။ သူ့အနေနဲ့ အများကြီးအကူအညီမပေးနိုင်ဘူးဆိုပေမဲ့လဲ မာန်ပါပါဖြင့်အံ့ကိုခပ်တင်းတင်းကြိတ်ထားမိလေသည်။

ရွှန်းရန်ဟန်ချန်သည် လီဝမ်ကိုလက်ရဖမ်းဆီးရန်အတွက် လီဝမ်၏ အစောင့်တပ်သားများနှင့် အရင်ဦးဆုံးတိုက်ခိုက်လိုက်၏။ပြီးနောက်

"ဦးလေးလီဝမ် ဦးလေး မလွတ်နိုင်တော့ဘူး..."

လီဝမ်-ရွှမ်းရန်ကျောက်မုန်ရဲ့ဘေးမှာ အသေခံတပ်သား ၃၀ ကျော်သာ ကျန်ရှိတော့တာဖြစ်သည်။ အခုချိန်မှာ သူဟာရွှန်းရန်ဟန်ချန်ရဲ့ပြိုင်ဖက်တစ်ယောက် မဟုတ်တော့တာကြောင့် မကြာခင်မှာပဲ သူဟာ သိသိသာသာကို အင်အားချိနဲ့၍လာလေသည်။

ရွှမ်းရန်ကျောက်မုန်သည် သူ့ရဲ့အသေခံတပ်သားများ တစ်ယောက်ပြီးတစ်ယောက် လဲကျသေဆုံးသွားသည်ကို
ကြည့်နေရင်း ရုတ်တရက် ထ,ရယ်မောလိုက်လေသည်။

''ရွှမ်းရန်ဟန်ချန်သိပ်ပြီး ကိုယ့်ကိုကိုယ်အထင်ကြီးမနေနဲ့!ငါ့လို မင်းလောင်းတစ်ယောက်မှာ ဝှက်ဖဲနောက်ထပ်တစ်ခုရှိနေဦးမယ်လို့ မင်းမထင်ဘူးလား?နောက်နာရီဝက်ကြာလို့မှ ငါ့လူတွေ ငါ့ကိုမတွေ့ရင် ဧကရီမယ်မယ်ကြီးအသက်ရှင်လျက်ရှိနေဦးမယ်လို့ ထင်လား.....?''

"မင်းဘာပြောလဲ မယ်တော့်ကိုဘာဖြစ်မယ်လို့ပြောလိုက်တာလဲ?''ရွှမ်းရန်ဟန်ချန်က စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်လေသည်။

"ဟား ဟား ချွဲဆုန်က မနက်စောစောတုန်းက မင်းရဲ့ခမည်းတော် ဧကရာဇ်မင်းကြီးရဲ့ချစ်လှစွာသောမိဖုရားကြီးနဲ့ ကိုယ်လုပ်တော်တွေရဲ့အဆောင်ကို ခိုးဝင်သွားတယ်လေ....အိုး..ဟုတ္သား...! အဟမ်း... အခုချိန်လောက်ဆို အိမ်ရှေ့စံမင်းသားရဲ့ အချစ်ရဆုံးကိုယ်လုပ်တော်လေးတောင် ငါ့ရဲ့ထိန်းချုပ်မှုအောက်ထဲရောက်ချင်ရောက်နေမှာ...။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)حيث تعيش القصص. اكتشف الآن