Ch-41

1.2K 142 4
                                    

Unicode
...
အခန်း-၄၁

ရွှမ်းရန်ဟန်ချန်သည် မြင်းသည်တော်တို့အား အရှိန်အနည်းငယ်လျှော့စေလိုက်ပြီးနောက် ရှစ်ချောင်ချင်းကိို ဦးစွာကယ်တင်လိုက်၏။မင်းသား၂ ရွှမ်းရန်ဟန်ချီကတော့ လီဝမ်၏နောက်ကျောကို မမှိတ်မသုန်းဖြင့် မကျေမနပ်စိုက်ကြည့်ကာ သူ့ရဲ့လေးမြှားကို သေချာစွာချိန်ရွယ်၍ ပစ်လွှတ်လိုက်လေသည်။

''ဘန်း''ဆိုတဲ့ အသံနဲ့အတူ သူ့ရဲ့နောက်ကျောသို့ မြှားတစ်ချောင်းစိုက်ဝင်လာတာကြောင့် မြင်းပေါ်ကပြုတ်ကျမလိုပါဖြစ်သွားရလေသည်။မင်းသား၂ ရွှမ်းရန်ဟန်ချီရဲ့ မြှားပစ်စွမ်းရည်က ဒီလောက်ကောင်းလိမ့်မယ်လို့ သူ,မထင်ထားခဲ့ဘူးဘဲ။

သူ ဝေးနိုင်သမျှဝေးဝေးကိုသာ ပြေးဖို့စိတ်သန်လျက် မြင်းအား အားကုန်,ဒုန်းစိုင်းမောင်းနှင်နေတာကြောင့် ကံကောင်းထမစွာဖြင့် မြှားတွေဟာ သူ့နောက်ကျောသို့ ထပ်ပြီးမစိုက်ဝင်လာတော့ချေ။

ရွှမ်းရန်ဟန်ချန် သည် ရှစ်ချောင်ချင်းအား ကူတွဲပေးလိုက်ပြီးနောက် ''ဆရာကြီး အဆင်ပြေပါရဲ့လား?''

"အိမ်ရှေ့စံမင်းသား ကျွန်တော်မျိုးအဆင်ပြေပါတယ် နန်းကျမင်းသားနောက်ကိုသာ စိတ်ဖြောင့်ဖြောင့်နဲ့လိုက်သွားပါ...''

ရှစ်ချောင်ချင်း အနေနဲ့အနည်းငယ်ကြောက်လန့်သွားရုံပါပဲ!သူ့ခန္ဓာကိုယ်မှာ ခြစ်ရာများရှိနေပေမဲ့လဲ ဒါက ကြီးကြီးမားမားရယ်တော့လဲ မဟုတ်ပါဘူး။

ရွှမ်းရန်ဟန်ချန်သည် အမတ်ကြီးအား အစောင့်အကြပ်တပ်သားများစွာခြံရံစေလျက် မိုးနတ်မင်းယဇ်ပူဇော်မည့်နေရာသို့ ပြန်လည်ပို့ဆောင်ပေးရန် ညွှန်ကြားလေသည်။ ရွှမ်းရန်ဟန်ချန်၊ညီဖြစ်သူနှင့် အခြားမြင်းသည်တော်အချို့ကတော့ လီဝမ်- ရွှမ်းရန်ကျောက်မုန် နောက်သို့လိုက်မည်ဖြစ်သည်။

မြေပြင်ပေါ်တွင် ထင်ကျန်ခဲ့သော သွေးစက်များကြောင့် လီဝမ်ရဲ့ခြေရာကိုကောက်ဖို့ စိုးရိမ်စရာသိပ်မလိုပါချေ။ သူတို့တွေက မရပ်မနားနဲ့မြင်းကို ဒုန်းစိုင်းမောင်းနှင်လာခဲ့ကြသည်။သူအနေနဲ့ အိမ်နိမ့်စံမင်းသားကြီးကို အကြိမ်ပေါင်းများစွာလိုက်ဖမ်းခဲ့ဖူးသည်။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now