Ch-36

1.9K 255 4
                                    

Unicode
...
မင်းကိုချစ်မဝသေးလို့
အပိုင်း(၃၆):မိုးနတ်မင်းပူဇော်ပွဲ
...

တာဝန်ဝတ္တရားတစ်ခုလုပ်ဆောင်ရန်ရှိသဖြင့်ရွှမ်းရန်ဟန်ချန် တစ်ယောက် ဂျာပေါင်အား ချန်ထားခဲ့ပြီးထွက်လာရသည်မှာ ဒီနေ့နဲ့ဆို၃ရက်ရှိသွားပြီခဲ့ဖြစ်သည်။

လွန်ခဲ့သည့်၃ရက်ကျော်က သူသည်ဂျာပေါင်အား အီလည် လည်ဖြင့် နှုတ်ဆက်စကားပြော၍ ခမည်းတော်နှင့်အတူ မိုးနတ်မင်းအားယဇ်ပူဇော်ပသရန်အတွက် ထွက်ခွာလာခဲ့ရလေသည်။

ဒါဟာ ယွမ်တိုင်ရဲ့၆နှစ်အတွင်း ပထမဆုံးအကြိမ် မိုးနတ်မင်းအား ယဇ်ပူဇော်ပသတာလဲဖြစ်ပြီး ဒီနှစ်ဟာအရေးဆုံးနှစ်,တစ်နှစ်ဆိုလဲ မမှားချေ။ရာသီဥတုမှန်ကန်ပြီး တိုင်းပြည်အေးချမ်းသာယာဝပြောစေရန်ရည်ရွယ်၍ ဧကရာဇ်မင်းသည် ထုံးနည်းအစဉ်လာများဖြင့် ၃ရက်ကြာရေချိုးသန့်စင်ပြီးနောက် မှုးမတ်အပေါင်းပါများနှင့် ပြည်သူလူထုကိုဦးဆောင်ကာ မိုးနတ်မင်းထံအတူတကွ ဆုမွန်ကောင်းတောင်းရလေသည်။

ရွှမ်းရန်ဟန်ချန်ကတော့ သူ့ရဲ့ခလေးလေးနှင့် လူချင်းမတွေ့ရဘူးဆိုပေမဲ့လဲ စာနဲ့အမြဲဆက်သွယ်နိုင်ဖို့ကိုသာကြိုးစားနေလေသည်။ဂျာပေါင်ကိုသူ့ဆီခေါ်ထားနိုင်ခဲ့ပြီးခါမှ ဒီလို ချန်ထား ခဲ့ရတာက ပထမဆုံးအကြိမ်ပဲ!အန်ဝေကနေတစ်ဆင့် ဂျာပေါင်ပို့လိုက်တဲ့ စာလေးကိုဖွင့်ဖတ်နေရင်း သူ့ရဲ့နှုတ်ခမ်းတွေဟာလဲအလိုလိုကော့ညွှတ်လို့လာ၏။

စာထဲတွင်ဂျာပေါင်သည် သူ,တစ်နေ့တာ လုပ်သမျှအရာအားလုံးကို အသေးစိတ်ရေးထားလေသည်။မနက်ခင်းမှာ မိဖုရားကြီးရဲ့ရံ ရွေတော်အဆောင်ကိုသွားတယ်။နေ့ခင်း နေ့လည်စာစားပြီးရင် တရေးအိပ်တယ်!နောက် ဆရာကြီးချုံနဲ့ စာသင်ပြီးသွားရင် ပန်ချီဆွဲတာနဲ့လက်ရေးလှကို ကိုယ့်ဘာသာ ပြန်လေ့ကျင့်တယ် ဟု တစ်ခုချင်းရေးထားလေသည်

ဂျာပေါင်က စာထဲတွင် အိမ်ရှေ့စံမင်းသားကမီးထွန်းပွဲတော်ချိန်ရောက်မှပြန်လာမည်ဖြစ်ပေမဲ့လဲ သူကအခုထဲကလွမ်းနေပြီဆိုတဲ့အကြောင်းကို ပွင့်လင်းရိုးသားစွာဝန်ခံထားလေသည်။ထို့နောက်စာထဲတွင် ယွိရှန်းဖန်(ယွိဒန်ဖန်) ကိုသွားချင်ကြောင်းနှင့် သွားခွင့်ပေးဖို့ခွင့်တောင်းထားသည့်အကြောင်းလဲ ပါရှိ၏။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now