Ch-37

1.7K 222 3
                                    

Unicode
...
အခန်း-၃၇
......

အစောပိုင်းနှစ်တွေမှာ ရွှမ်းရန်ကျောက်ရှန်သည် သူ့ရဲ့ညီအကိုတော် မင်းသားများနှင့် ရာဇာပလ္လင်အတွက်ယှဉ်ပြိုင်မှုမျိုးစုံကိုသာ လုပ်ဆောင်နေခဲ့ရသဖြင့် သူတို့ကြားထဲမှာညီအကိုသံယောဇဉ်ဆိုတာမရှိခဲ့ကြပေ။

သူတို့ညီအကိုတွေကြားထဲမှာက ပူးပေါင်လုပ်ကြံမှုတွေ၊ ကြိုတင်ကာကွယ်မှုတွေ၊ လက်ဦးမှုယူတိုက်ခိုက်တာတွေ၊ အကွက်ချချောက်ချတာတွေ ....ဒါတွေကိုပဲ ဖန်ခါတလည်းလည်း တွက်ချက်ပြီး အချင်းချင်း လုပ်ဆောင်နေခဲ့ကြသည်။

ထိုအချိန်တွင် ယာယီနန်းဆောင်အပြင်ဘက်မှ ခမည်းတော်၏အပါးတော်မြဲ ကုန်းကုန်းကြီးကျောက်ယုံ၏လျှောက်တင်သံ ခပ်ကျယ်ကျယ်ကကြားလိုက်ရ၏။ထို့နောက် ကုန်းကုန်းကြီးနှင့် သူ့နောက်နားတွင်ဗန်းတစ်ခုကိုဂရုတစိုက်သယ်ဆောင်လာသော အမှုထမ်းတစ်ယောက်ကိုပါတွေ့လိုက်ရလေသည်။

ကျောက်ယုံသည် ဧကရာဇ်မင်းမြတ်နှင့်အိမ်ရှေ့စံမင်းသားတို့အား ရှေ့သို့တိုးလာပြီး နှုတ်ဆက်ဂါရဝပြုလေရာ သူ့နောက်ပါးက ပါလာသောအမှုထမ်းသည်လဲ ရိုကျိုးစွာပင်ဂါရဝပြုလေသည်။

ထို့နောက်ကျောက်ယုံသည် လင်ဗန်းပေါ်တွင် ယူလာသည် စွတ်ပြုတ်ခွက်အား စားပွဲပေါ်သို့တင်လိုက်ပြီး
''ဧကရာဇ်မင်းအတွက် ညစာ,ပါ။ဒီညအတွက်တော့ တင်ချာစွတ်ပြုတ်ပူပူလေးကိုပြုလုပ်ထားပေးပါတယ်...'''

အိမ်ရှေ့စံမင်းသားအား ဧကရာဇ်မင်းမြတ်၏ယာယီနန်းဆောင်တွင် တွေ့ရမည်ဟုမထင်မှတ်ထားသော ထိုအမှုထမ်းငယ်သည် စိတ်လှုပ်ရှားသွားဟန်ရှိ၏။ဂဏာမငြိမ်ဖြစ်သွားသော သူ့မျက်လုံးတို့ကို ဖုံးကွယ်ရန်အတွက် ခေါင်းကိုခပ်မြန်မြန် အောက်သို့ငုံ့လိုက်လေသည်။

ရွှမ်းရန်ဟန်ချန်သည် ထိုအမှုထမ်းအား တစ်ချက်မျှသာကြည့်လိုက်ပေမဲ့ အနည်းငယ်ရင်းနှီးသလိုခံစားရတာကြောင့် ထိုအမှုထမ်းငယ်ရှေ့သို့သွားရပ်လိုက်ပြီး
''မင်း နာမည်ဘယ်လိုခေါ်လဲ?'' ဟုမေးလိုက်လေသည်။

အမှုထမ်းသည်လဲ အိမ်ရှေ့စံမင်းသားထံမှ တစ်စုံတစ်ခုမေးမြန်းလာမည်ကို မမျှော်လင့်ထားတာကြောင့် အနည်းငယ်ထိတ်လန့်သွားပုံရ၏။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now