Ch-34

1.7K 261 2
                                    

Unicode
...
အခန်း-၃၄
......
ချွဲကွေ့လဲ ဒီအကြောင်းကိုသိတာနှင့် သူ့ရဲ့အမျိုးသမီးကြီးကိုလောဆော်တော့၏။''ကျန်းယင်ရှင်းကို မင်း လုပ်လိုက်တာ မလား?ဇီချီ သေရတာက ကျန်းမိသားစုနဲ့မသတ်ဆိုင်ပါဘူးလို့ ငါ အတန်တန်ပြောထားပြီးသားပဲမလား.....''

"အို!ဘာဖြစ်လဲ! သူကကျမတို့ဇီချီရဲ့နောက်လိုက် မဟုတ်ဘူးလား!ဇီချီရဲ့နောက်ကို သူလိုက်သွားရမှာပေါ့။ သူကဘာဖြစ်လို့အဆင်ပြေပြေနေနေသေးတာလဲ!သူ့ရဲ့တစ်ဘဝလုံးကို ကျမက ဘာလို့ ဇီချီအဖော်ရဖို့အတွက် မထည့်ပေးနိုင်ရမှာလဲ...''ကျုံးအမျိုး သမီးကြီးဟာ သားစိတ်ဖြင့်တကယ်ကို ရူးသွပ်သွားပေပြီ။

"အဓိပ္ပါယ်မရှိလိုက်တာ!တကယ်လို့ကျန်းကျိဟယ်သာ သိသွားရင် သူဘယ်လိုစဉ်းစားမလဲ? မင်းပြောကြည့်ပါဦး...!''

ကျန်းကျိဟယ်သည် အံ့သြစရာကောင်းစွာ သူနဲ့ အနှစ်၂၀ ကျော်လောက် အတူနေလာပြီးသစ္စာရှိခဲ့သူမဟုတ်လား။ပြီးတော့ သူ့ရဲ့လျှို့ဝှက်ချက်တော်တော်များများကိုလဲ သိနေတဲ့သူ။ဒီ မိန်းမတော့ လုံးဝကိုရူးသွားပြီ!အခြားချွဲအိမ်တော်က အမျိုးသမီးတွေကတတ်နိုင်တဲ့ဘက်ကနေ ချွဲအိမ်တော်မပြိုကွဲအောင် အမျိုးမျိုးကြံဆောင်နေကြတာကို သူက ပြဿနာရှာနေတယ်!

သူ့မှာ တရားမဝင်သားတစ်ယောက်ရှိနေတာကို ကံကောင်းတယ်လို့ပြောရတော့မှာပဲ။အင်း! ပြီးတော့ ဒီကလေးက ဆိုးသွမ်းမနေပဲ လူကောင်းလေးလို့ပြောလို့ရတယ်!
.
.
ကျန်းကျိဟယ်သည်တစ်ယောက်ထဲ စာကြည့်ခန်းထဲတွင် မှိုင်တွေစွာထိုင်နေမိလေသည်။ သူ့ရဲ့သား အိမ်ရာထဲတွင် မလှုပ်နိုင်သည်အထိ ဝေဒနာပြင်းစွာခံစားနေရသည့်ပုံရိပ်တွေကိုသာ ပြန်မြင်ယောင်၍နေလေသည်။

ကျန်းယင်ရှင်းရဲ့ အကြောတွေဟာ လုံးဝကိုပြတ်တောက်ကုန်တာကြောင့် အနာဂတ်မှာ လမ်းပင်ကောင်းကောင်း မလျှောက်နိုင်တော့မှာကို တွေးပူနေရလေသည်။ကျန်းကျိဟယ်တစ်ယောက် သားဖြစ်သူရဲ့အဖြစ်ဆိုးကို တွေးမိလေတိုင်း မုန်းတီးစက်စုတ်လျက် ဒေါသတွေဖိစီးလာပြီး ပေါက်ကွဲထွက်ချင်စိတ်ကိုအတော်လေးမြိုသိပ်ထားရလေသည်။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now