Ch-17.2 Unicode

2.6K 355 2
                                    

မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၇):စိုးထိတ်မှု (Part-2)
.....

"အိုး ဟုတ်တာပဲ!ကျွန်တော်မျိုးတစ်ဖာပဲ သယ်လာခဲ့တာပဲ။ကျွန်တော်မျိုးရဲ့မှတ်ဉာဏ်ကလဲ ကြည့်ပါဦး'' ယွမ်ချင်းသည် အားမလိုအားမရဖြင့်ပြောလိုက်၏။

လင်ဂျာပေါင်သည် ချက်ချင်းပြန်လှည့်ယူရန်ပြင်လိုက်လေရာ ယွမ်ချင်းကလဲ အလျင်မြန်တားလိုက်လေသည်။ 

"လင်ရှောင်ဇူ ကိုယ်တိုင်သွားစရာမလိုပါဘူး။ကျွန်တော်မျိုးပဲ သွားယူလိုက်ပါမယ်'' ယွမ်ချင်းသည်ပတ်ဝန်းကျင့်အခြေနေကိုအနည်းငယ်ခတ်လိုက်ပြီးနောက် ဥယျာဉ်ငယ်အတွင်းရှိ အရိပ်ရပင်အောက်က ကျောက်ခုံတန်းလျားဆီသို့ ဂျာပေါင်အား ခေါ်သွားပြီးထိုင်စေ၏။

ထို့နောက် မုန့်ထည့်ထားသော သေတ္တာဖာငယ်လေးကိုစားပွဲပေါ်သို့တင်လိုက်ပြီး ''သခင်ငယ်လေး ဒီကခတ္တနားနေပြီးစောင့်နေပါ ကျွန်တော်မျိုးမြန်မြန်သွားပြေးယူပြီး ချက်ချင်းပြန်လာခဲ့ပါမယ်"

"အင်း!ငါ မင်းကိုဒီမှာစောင့်နေပါ့မယ် စိတ်ဖြောင့်ဖြောင့်နဲ့ သွားပါ။"လင်ဂျာပေါ်က ပြန်ပြောလိုက်သည်။

ယွမ်ချင်းထံက်သွားပြီး သိပ်မကြာခင်မှာပဲ နန်းတွင်းအပျိုတော် ကောင်မလေးတစ်ယောက် သူ့ဆီရောက်လာ၏
" သင်က လင်ရှောင်ဇူ လား?"

"အင်း ဟုတ်ပါတယ် "
လင်ဂျာပေါင်က ပြန်ဖြေသည်။

"လင်ရှောင်ဇူ  ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး ကျွန်တော်မျိုးမရဲ့သခင်မကိုကူညီပါဦး။ သူမမကြာခင်သေတော့မယ်ထင်တယ် ကူညီပါဦး'' ဟုန်ဝေ့သည် ပတ်ဝန်းကျင်ကိုအကဲ ခတ်ပြီးနောက်  လင်ဂျာပေါင်အား အလျင်မြန်ဒူးထောက် အရိုသေးပေး၍ ငိုယိုပြီးအော်ဟစ်အကူညီတောင်းတော့၏။
"တောင်းပန်ပါတယ် ..တောင်းပန်ပါတယ် ကူညီပါ....''

လင်ဂျာပေါင်သည်လဲ တစ်ခါမှဤအရာကို မကြုံဖူးတာ
ကြောင့် ကြောင်တောင်တောင်လေးဖြစ်နေခဲ့၏။သူ့ထက်ပင်ငယ်ပုံရတဲ့ အပျိုတော်မိန်းမငယ်လေးက သနားစဖွယ်ငိုယိုနေတာကြောင့် ''မငိုနဲ့...မငိုနဲ့တော့နော်! မင်းရဲ့သခင်က ဘယ်သူလဲပြောပါဦး? ဘာဖြစ်လာတာလဲဆိုတာသေချာပြောပြလေနော် ဟုတ်ပြီလား? အရင်ထလိုက်လေနော်!''

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now