Ep-16.2 Unicode

3K 368 2
                                    

မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၆):အိမ်ပြန်လမ်း (Part-2)
...

ချင်ချိုင်ရှောင်သည် မြင်းလှည်းသမားကောင်လေး၏စကားကိုကြားပြီးနောက် သုံးယောက်သားမြင်းရထားပေါ်မှ အမြန်ထွက်လာခဲ့ကြလေသည်။မလှမ်းမကမ်းတွင် မြင်းရထားနှစ်စင်းရယ် မြင်းသည်တော်အနည်းငယ်ရယ်နှင့်အတူ ရပ်စောင့်နေသော ကျုံးကျင်းရှန်ကိုတွေ့လိုက်ရ၏။

လင်,တကျွမ်းတို့သုံးယောက်က ဆရာကြီးကျုံးကိုအရိုသေပေးပြီးနောက် ရှေ့ကိုဆက်လျှောက်သွားလိုက်ကြသည်။

"သခင်ကြီးလင်က အရမ်းယဉ်ကျေးနေပြန်ပါပြီ ။ခင်ဗျားတို့ ဒီနေ့ ဘေဂျင်းကနေထွက်ခွာမယ်ဆိုတဲ့အကြောင်း အိမ်ရှေ့စံမင်းသားကြားသိသွားတာကြောင့် ကျွန်တော်ကိုတွေ့ဖို့အထူးညွှန်ကြား စေခိုင်းလိုက်တာပါ။''

ကျုံးကျင့်ရှန်သည် သူ့နောက်ကမြင်းရထားနှစ်စင်းနှင့်မြင်းသည်တော်အနည်းငယ်ကိုညွှန်ပြလိုက်ပြီး "ဒါကလင်ရှောင်ဇူ ရဲ့မိသားစုပြန်လည်တွေ့ဆုံပွဲအထိမ်းမှတ်အဖြစ် အိမ်ရှေ့စံမင်းသားပေးလိုက်တဲ့လက်ဆောင်ပစ္စည်းတွေပါ''

ကျုံးကျင်းရှန်သည် လက်ဆောင်ပစ္စည်းစာရင်းကို လင်,တကျွမ်းလက်ထဲသို့ထည့်လိုက်ပြီးနောက် ''လမ်းခရီးကဝေးလွန်းတဲ့အတွက် သခင်ကြီးလင်အနေနဲ့မြင်းရထားငယ်လေးနဲ့သွားရင်သက်သောင့်သက်သာမဖြစ်နိုင်ပါဘူး။ ဒါကြောင့်အိမ်ရှေ့စံမင်းသားက သခင်ကြီးကိုစောင့်ရှောက်ဖို့အတွက် မြင်းတပ်သား အနည်းငယ်နဲ့မြင်းရထားလုံးတစ်စင်းကို စီစဉ်ပေးလိုက်ပါသေးတယ်''

လင်,တကျွမ်း သည်လက်ဆောင်စာရင်းကိုလက်ခံရင်း အံ့သြလို့မှမဆုံးနိုင်သေးခင် အိမ်ရှေ့မင်းသားကလမ်းခရီးတွင် သူ့ကိုစောင့်ရှောက်ပေးဖို့အတွက် မြင်းစစ်သည်များကိုပါစေလွှတ်လိုက်ကြောင်းထပ်မံကြားသိလိုက်ပြန်တာကြောင့် သူ့မှာလိပ်ပြာလွှင့်မလိုပါဖြစ်ပြီး ဘယ်လိုတုံ့ပြန်ရမှန်းကိုမသိတော့ချေ။

"ဒါ...ဒါက အိမ်ရှေ့စံမင်းသားက အရမ်းဖော်ရွေတာပဲ....။"

ဒီအခြေနေကိုမြင်တဲ့ လင်ဂျာဝမ်နဲ့ချင်ချိုင်ရှောင် တို့သည်လဲ ဆရာကြီးကျုံးကိုကျေးဇူးတင်ကြစကားပြေလိုက်ကြပေမဲ့ အနည်းငယ်တော့အံ့သြနေကြ၏။ဘယ်လိုပဲဆိုဆို ဂျာပေါင်ကအခုမှ အိမ်ရှေ့စံရဲ့လုပ်တော်အဆင့်မှာပဲရှိသေးတာလေ။ အဲ့ဒါကိုဘယ်လိုဖြစ်ပြီး သူတို့ကိုဒီလောက်တောင် မျက်နှာသာပေးစောင့်ရှောက်နေတာလဲ.....! 

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now