Ch-12 Unicode

3.4K 409 11
                                    

အကောင်ပေါက်လေးအားမွေးမြူခြင်း
...

သူတို့ဖျင်အော်နန်းဆောင်ကိုမွန်းလွဲပိုင်းမှသာပြန်ရောက်ကြလေသည်။ရွှမ်းရန်ဟန်ချန်သည် ဟင်းသီးဟင်းရွက်တို့အား ဂျာပေါင်တစ်ယောက်မစားနိုင်တော့မှ ပန်ကန်ထဲသို့ထည့်ပေးခြင်းကိုရပ်လိုက်လေ၏။

သူ တကယ်ပဲသူ့ရဲ့ခလေးလေးကို မြန်မြန်ဆန်ဆန်ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်လာစေချင်သည်။ဒီ၂နှစ်အတွင်း ကောင်းကောင်းမွန်မွန်ကျွေးမွေးထားမှာသာ နောက်ကျရင်သူ့ရဲ့အရှိန်ကိုဒီကောင်ငယ်လေးလိုက်နိုင်မှာဖြစ်၏။အနာဂတ်မှာ ဂျာပေါင်သည်လဲကျန်းကျန်းမာမာ ဘေးအန္တာရယ်ကင်းကင်းနေနိုင်ပြီး သူ့နဲ့ဂျာပေါင်ရဲ့ ခလေးပိစိလေးတွေလဲရောက်လာမှာကို ကြိုတွေးကြည့်မိရုံဖြင့် သူဟာပျော်ရွှင်ကျေနပ်နေမိလေသည်။

နေ့လည်စာစားပြီးခတ္တမျှနားနေပြီးနောက် ရွှမ်းရန်ဟန်ချန်သည် တော်ဝင်ဥယျာဉ်တော်အတွင်းဆီသို့ ဂျာပေါင်အားခေါ်သွားလေသည်။ဒီတော်ဝင်ဥယျာဉ်တော်သည် နန်းတွင်းစည်းကမ်းအရ အမှုထမ်းငယ်များဝင်ရောက်ခွင့်ကန့်သတ်ထားသလို လိုအပ်မှသာဒီနေရာသို့ခွင့်ပြုချက်ဖြင့် ဝင်ရောက်ရမည်ဟု တားမြစ်ကန့်သတ်ထားသောနေရာဖြစ်တာကြောင့် တချို့နန်းတွင်းတွင် ၁၀နှစ်ကျော်နီးပါးအမှုထမ်းခဲ့ကြသည့်တိုင် ဒီနေရာကို မရောက်ဖူးသေးသည့်သူများပင်ရှိ၏။ထိုနည်းတူစွာပဲ ဂျာပေါင်သည်လဲဒီတားမြစ်ထားသည့် တော်ဝင်ဥ
ယျာဉ်တော်သို့မရောက်ဖူးပေ။

ရွှမ်ူရန်ဟန်ချန်သည်လဲ သူ့ရဲ့အကောင်ငယ်လေးမရောက်ဖူးသေးသည်ကို သိနေသည့်အတွက်ခေါ်လာပေးခြင်းဖြစ်လေသည်။ဂျာပေါင်ကတော့လမ်းတလျှောက် ပျော်ရွှင်မြူးတူးစွာဖြင့် ရှုခင်းအားကြည့်ရင်း ဆွဲခေါ်ရာသို့လိုက်ပါလာ၏။

ဂျာပေါင်၏ပျော်ရွှင်စွာပြုံးရယ်နေသောမျက်နှာလေးကိုကြည့်ရင်း ရွှမ်းရန်ဟန်ချန်က
''နွေဦးရောက်ရင်ဒီဥယျာဉ်က ပိုကြည့်ကောင်းတယ်ပြောရမယ် နွေဦးမှာပန်းတွေကအကုန်ပွင့်ကြတာဆိုတော့ ဒီနေရာကပန်းခင်းကြီးလိုဖြစ်သွားတာ''

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now