Ch-30

3.2K 495 17
                                    

အခန်း-၃၀
......
"မင်း ဒီအကြောင်းကို ချွဲမိသားစုကို ပြောပြလိုက်သေးလား?" ကျန်းကျိဟယ်ကအလိုမကျစွာ မျက်မှောင် ကြုတ်ရင် မေးလိုက်သည်။

"မပြောလိုက်ပါဘူး။ ကျတော် အရေးမကြီးဘူးလို့ ထင်လိုက်လို့ပါ။ပြီးတော့ အဖေမမေးခင်ထိ တစ်ချိန်လုံးကျတော် ဒီအကြောင်းကိုမေ့နေတာ....'' ကျန်းယင်ရှင်းကလဲ ပြန်ဖြေ၏။

''အင်း!ကောင်းပြီ! ချွဲမိသားစုက မင်းကိုနောက်ထပ်မမေးမချင်း ဒီအကြောင်းကိုမပြောနဲ့!ဘယ်သူ့ကိုမှလဲ မပြောမိစေနဲ့'' ကျန်းကျိဟယ်သည်သားဖြစ်သူအား သတိပေးစကားပြောပြီးနောက် ဆုံးမစကားဆို၏။
''ဒီရက်ပိုင်း အိမ်ထဲမှာပဲနေ အပြင်ကိုမထွက်သေးနဲ့ဦး''

သားဖြစ်သူထွက်သွားပြီးတဲ့နောက်ကျန်းကျိဟယ်တစ်ယောက်ကတော့ စဉ်းစားခန်းဝင်နေဆဲပါပဲ။သူ တွေးလေတွေးလေ တစ်ခုခုတော့မှားနေပြီဆိုတာက ပိုသေချာလာလေပဲ။ဒီသွေးအေးအေးနဲ့အမျိုးသားဆိုသူရယ် သူ့နဲ့ပါလာတဲ့ခပ်ချောချောကောင်ငယ်လေးဆိုတာရယ်က ဘယ်သူများဖြစ်နေမလဲ......?

ကျန်းယင်ရှင်းက အခွင့်ထူးခံလူတန်းစားထဲကမဟုတ်တာကြောင့် သူ့ကိုလူတိုင်းကသိဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဒါပေမဲ့ ချွဲမိသားစုကိုတော့ လူတိုင်းကသိကြသလို တော်တော်များများကလဲ ဒီချွဲမိသားစုဝင်တွေကို သွားရှုပ်ဖို့သတ္တိမရှိကြဘူး....။

ကျန်းကျိဟယ်တစ်ယောက် စာကြည့်ခန်းတွင် ဒီထူးဆန်းတဲ့သေဆုံးမှုဟာ သူတို့ကျန်းမိသားစုအပေါ် ကြီးကြီးမားမားအကျိုးသက်ရောက်နိုင်ကြောင်း စဉ်းစားရင်းလမ်းလျှောက်နေမိခဲ့သည်။ချီရှောင်ကသူ့ရဲ့သားဖြစ်သူနဲ့သာ အနေများတာကြောင့် ချွဲမိသားစုအနေနဲ့ဆိုရင် တရားခံကိုသူတို့ကျန်းမိသားစုဝင်လို့သာ အရင်ဦးဆုံးသံသယဝင်မှာပဲ!

ဒါပေမဲ့ သူ့သားက ဘာဆိုဘာမှသိမနေဘူးလေ။ကျန်းကျိဟယ် ဆိုတဲ့သူကလဲ နှစ်ပေါင်းများစွာ ချွဲမိသားစုရဲ့နောက် လိုက်အဖြစ်ရှိနေခဲ့သလို သူ့ရဲ့သစ္စာတရားကိုလဲ ရှင်းရှင်းလင်းလင်းပြသထားခဲ့တယ်။ချွဲမိသားစုအနေနဲ့ဆိုရင်လဲသူတို့အပေါ်ကို ကျန်းမိသားစုဝင်တွေက စိတ်ဆိုးစရာကိစ္စတွေလုပ်နိုင်မှာလားဆိုတဲ့ စိုးရိမ်စိတ်တော့ရှိမှာပေါ့လေ...။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now