Ch-40

2K 207 2
                                    

Unicode
...
မင်းကိုချစ်မဝသေးလို့
အပိုင်း(၄၀)
......

ရွှမ်းရန်ကျောက်မုန်သည် ခပ်လှမ်းလှမ်းသို့ရောက်နေပြီဖြစ်တဲ့ အကောင်းတိုင်းရှိနေကြသေးသော ဧကရာဇ်ရွှမ်းရန်ကျောက်ရှန် ၊ အိမ်ရှေ့စံမင်းသားရွှမ်းရန်ဟန်ချန် နှင့် မင်းသား၂ ရွှမ်းရန်ဟန်ချီ အပါအဝင် လျှောက်လမ်းအတွင်းသို့ဝင်ရောက်လာသည့် အစောင့်တပ်သားများကိုပါ မယုံကြည်နိုင်စွာဖြင့် မှင်သက်လျက်ကြည့်နေမိလေသည်။

"မဖြစ်နိုင်ဘူး ...မဖြစ်နိုင်ဘူး...!" လီဝမ်-ရွှမ်းရန်ကျောက်မုန်သည် ချွဲကွေ့အားက လူသတ်ချင်နေတဲ့အကြည့်ဖြင့် ကြည့်လိုက်လေသည်။

"မင်း....မင်းက... ငါကိုယ်တော်ကို သစ္စာဖောက်လိုက်တာလား..." သူ့မျက်လုံးတွေကသာ လူသတ်နိုင်မယ်ဆိုရင် ချွဲကွေ့တစ်ယောက်ကတော့ အခုချိန်အရိုးပြာပဲရှိတော့မယ်!

"မဟုတ်ဘူး... မဟုတ်ပါဘူး ကျွန်တော်မျိုးမလုပ်ရဲပါဘူး..။ တော်ဝင်မင်းသား! ချန်မင်မင် သူ့လူဆီကနေ အချက်ပြတာကို လက်ခံရရှိခဲ့တာသေချာပါတယ် " ချွဲကွေ့သည်လဲ ဘာက ဘယ်လိုလွဲချော်ပြီး ဒီလိုဖြစ်လာတယ်ဆိုတာကို စဉ်းစားလို့မရနိုင်ဖြစ်နေလေရဲ့...။

"အခု မင်းပုန်ကန်ဖို့လုပ်နေတာဆိုရင် လက်လျော့လိုက်တော့ အရာအားလုံးက မင်းထိန်းချုပ်မှုအောက်မှာမရှိတော့ဘူး''

ရွှမ်းရန်ကျောက်ရှန်သည် မနိမ့်လွန်းမမြင့်လွန်း အလွန်ကိုတည်ငြိမ်နေတဲ့လေသံဖြင့်

''လီဝမ် မင်းကိုယ့်ဘာသာ အေးအေးဆေးဆေးအဖမ်းခံလိုက်ရင် ပိုကောင်းမယ်!မင်းလုပ်ထားတဲ့အရှုပ်တွေကို နောက်မှရှင်းကြမယ်။ မင်း,ကိစ္စကိုရှင်းနေရင် ယဇ်ပူဇော်ပွဲနောက်ကျသွားလိမ့်မယ်...''

ရွှမ်းရန်ဟန်ချန်ထံမှ လက်ခုပ်သံခပ်ကျယ်ကျယ်ထွက်ပေါ်လာပြီးနောက် သူ့နောက်ကလိုက်ပါလာသော အစောင့်ရဲမက်တပ်သားတွေထဲမှ လေးသည်တော်အဖွဲ့တစ်ဖွဲ့ထွက်ပေါ်လာလေ၏။ ထို့လေးသည်တော်အဖွဲ့သည် လီဝမ်-ရွှမ်းရန်ကျောက်မုန်အား လေးမြှားကိုအသင့်အနေထားဖြင့် ချိန်ရွယ်ထားလိုက်ကြလေသည်။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now